38

1.9K 281 7
                                    

[Unicode]

ဖုန်းချပြီးတဲ့အချိန်မှာ ကျွန်တော့ရဲ့ စိတ်အခြေအနေကလည်း အပြင်ဘက်က ကောင်းကင်ကြီးလိုပဲ ကြည်လင်တောက်ပလို့နေတယ်။ ကျိုးချန်က သူ စီးလာမယ့် လေယာဉ်နံပါတ်ကို ကျွန်တော့ဆီ ပို့ပေးထားတယ်။

ဒီနေ့ည မမှောင်လာခင်မှာပဲ ကျွန်တော် သူနဲ့ တွေ့ရတော့မယ်။

စောင့်ဆိုင်းရချိန်တိုင်းဟာ ကြာရှည်ပြီး ခက်ခဲလွန်းလှပါတယ်။ ကျွန်တော့ရဲ့ အခုနေပုံစံဟာ အလယ်တန်းကျောင်းသားလေး အခုမှ ဒိတ်စလုပ်တဲ့ ပုံစံလိုပါပဲ။ ကျွန်တော် အဝတ်ဗီရိုထဲက အဝတ်တွေ အကုန် ထုတ်ပြီး ဝတ်ကြည့်တယ်။ တခုမှ စိတ်တိုင်းမကျ။

ကျွန်တော်က တကယ့်ကို ကြည့်မကောင်းနေတာပဲ။

သာမညောင်ညခန္ဓာကိုယ်၊ ရွက်ကြမ်းရေကျိုမျက်နှာ။

ဒီလို ကျွန်တော်က အပေါစားဆန်တယ်လို့ ချီရှူးက ပြောခဲ့ဖူးတယ်။ ကျွန်တော် ဘယ်လိုပဲ နားမလည်စေဦးတော့ ဒီ အပေါစားဆန်တယ် ဆိုတဲ့စကားက ကောင်းတဲ့အဓိပ္ပာယ်မဟုတ်မှန်း ကျွန်တော် သိပါတယ်။

စိတ်ပျက်ဖို့အကောင်းဆုံးအရာကတော့ ကျွန်တော့နဖူးမှာ အမာရွတ်ကြီး ရှိနေတာပဲ။ ဒီလို ရွက်ကြမ်းရေကျိုမျက်နှာနဲ့ဆိုရင် ဒါကြီးက ပိုဆိုးနေတာပဲမဟုတ်ဘူးလား။

မှန်ရှေ့မှာ ရပ်ရင်း အမာရွတ်ကို ကွန်ဆီလာနဲ့ နာရီဝက်လောက်ကြာအောင် သေချာ ဖုံးဖိပြင်ဆင်နေခဲ့တယ်။

တချက်ကြည့်လိုက်ရုံနဲ့ ဘာပြဿနာမှ မရှိဘူးဆိုပေမဲ့ ဒါက စိတ်ထဲ ထင့်နေတာကြောင့်များလားတော့ မသိ။ ကျွန်တော့အထင် ပိုလို့တောင် သိသာနေသလိုပဲ။

ထားလိုက်ပါတော့...

ကျွန်တော် ကွန်ဆီလာတွေကို ပြန်ဖျက်ပစ်လိုက်တယ်။

ကျိုးချန် မမြင်ဖူးတာလည်း မဟုတ်ဘူး။

ကွန်ဆီလာ လိမ်းလိမ်းမလိမ်းမလိမ်း အတူတူပဲဟာ။

အချိန်အကြာကြီး ပြင်ဆင်လဲပြုပြီး ထွက်လာတော့လည်း ဒီရုပ်ပါပဲ။

ကျွန်တော် ကျိုးချန်ကို လက်လွတ်စပယ်ပုံစံမျိုး ဆက်ဆံသလို မဖြစ်ချင်တာကြောင့် လေဆိပ်မသွားခင်မှာ ပန်းခြံထဲကနေ ပန်းနည်းနည်းလောက် ခူးပြီး ဖဲပြားစည်းကာ ပန်းစည်းလုပ်လိုက်တယ်။

နွမ်းလျရွက်ဝါWhere stories live. Discover now