09

2.6K 359 16
                                    

[Unicode]

စဉ်းစားဆုံးဖြတ်ပြီးတဲ့သကာလ ချီရှူးဆီ တိုက်ရိုက် ဖုန်းမခေါ်ရဲတာမို့ မက်ဆေ့ချ်ပဲ ပို့လိုက်တော့တယ်။

စီနီယာ

တောင်းပန်ပါတယ်

ကျွန်တော် ပြန်လာလို့ရမလား

ချီရှူးက ဒီတခါတော့ အလျင်အမြန်ပဲ မက်ဆေ့ချ်ပြန်ပို့လာတယ်။

ရတယ်

စခရင်မ်ပေါ်မှာ ပေါ်နေတဲ့ ဘာခံစားချက်မှ မရှိတဲ့ ဒီ အေးစက်စက် စကားလုံးနှစ်လုံးအရတော့ သူ အခု ဘာများတွေးနေမလဲဆိုတာ ကျွန်တော် ခန့်မှန်းမိပါတယ်။

တကယ်လို့ သူသာ စိတ်ပျက်လက်ပျက်ဖြစ်နေတယ်ဆိုရင် မနေ့ညက ကျွန်တော် သူ့ကို နှောင့်ယှက်ဖို့မဟုတ်ပါဘူးဆိုတာကို ဘယ်လို ရှင်းပြရတော့မလဲ။


ဒါ့အပြင် သူက ရွှီရှင်ကျယ်ကို သဘောမကျတဲ့ပုံပဲ။ အခြေအနေတွေက ပိုပြီးပဲ ဆိုးသွားပြီလား။

ကံကောင်းတာက သူက ကျွန်တော့ကို ပြန်မလာနဲ့လို့တော့ မပြောဘူးပဲ။

ရွှီရှင်ကျယ်က တဖက်မှာ ဖုန်းပြောနေတုန်း ကျွန်တော် ဆေးရုံက ဆင်းဖို့ ဘယ်လိုဆင်ခြေပေးရမလဲဆိုတာ စဉ်းစားနေမိတယ်။ ရွှီရှင်ကျယ်က စကားအနည်းငယ်ပြောပြီးတော့ ဖုန်းချလိုက်ပြီး ကျွန်တော့ကို လှမ်းပြောတယ်။

"ချီရှူးရဲ့ အတွင်းရေးမှူးက ပြောတယ်။ နောက် နာရီဝက်နေရင် မင်းကို လာကြိုမယ် တဲ့"


ပြီးတော့ သူ မပွင့်တပွင့် ထပ်ပြောလာတယ်။

"ထူးဆန်းတယ်။ သူက ငါ့ဖုန်းနံပါတ်ကို ဘယ်လိုလုပ် သိတာလဲ"

ကျွန်တော်လည်း သူတို့ ဘာလို့ ကျွန်တော့ကို တိုက်ရိုက်မခေါ်လဲဆိုတာ သိချင်မိတယ်။

"တကယ်လို့ မင်း မသွားချင်ရင် ဆေးရုံမှာပဲ နေချင်နေ၊ မနေချင်ရင် ကျောင်းကို ပြန်သွားလို့ရတယ်။ မင်း ကြောက်စရာ မလိုဘူး။ ငါ ဒီမှာ ရှိတယ်"

နွမ်းလျရွက်ဝါWhere stories live. Discover now