12

2.6K 352 26
                                    

Alert: မူရင်းဝက်ဘ်ဆိုက်မှာ အပိုင်း ၁၀ပြီးတော့ ၁၁ မဟုတ်ဘဲ ၁၂ တန်းလာတဲ့အတွက် သူ့အတိုင်းပဲ နံပါတ်စဉ် တပ်လိုက်ပါတယ်.

[Unicode]

အတွင်းကျပြီး ကျဉ်းမြောင်းတဲ့ ကော်ရစ်ဒါတလျှောက် ချီရှူးက အတွင်းအကျဆုံး တံခါးကို လှည့်ဖွင့်ပြီး ကျွန်တော့ကို ပစ်ထည့်လိုက်တယ်။

ကံကောင်းထောက်မစွာနဲ့ပဲ အခန်းရဲ့ ကြမ်းပြင်မှာ သိုးမွေးခင်း ခင်းထားတာမို့ ပြုတ်ကျသွားတောင် နာကျင်ခြင်းမရှိ။

"ကြည့်ရတာ မနေ့က သင်ခန်းစာက မလုံလောက်သေးဘူးထင်တယ်။ မင်းမှာ အပျက်ဆန်ဖို့ အင်အားကျန်နေသေးတယ်ပေါ့ ဟုတ်စ"

ချီရှူးက နက်ကတိုင်ကို ချွတ်ကာ လွှင့်ပစ်လိုက်ပြီး ကျွန်တော့ရဲ့ ခါးတဖက်ကို ကန်ကြောက်လိုက်တယ်။

"ကျိုးချန်ကို ဖြားယောင်းရလောက်အောင် ပညာတွေစုံနေပြီပဲ"

ကန်ချက်က အရမ်းကို ပြင်းထန်တာမို့ ကျွန်တော် ခွေခေါက်ကာ နာကျင်မှုကို ခံစားနေရတယ်။ ချီရှူးသာ အားနည်းနည်းလောက် ထပ်ထည့်လိုက်ရင် နံရိုးကျိုးသွားလောက်မယ်ထင်တယ်။

"ဟင့်အင်း..."

ထိုးတက်လာတဲ့ နာကျင်မှုနဲ့အတူ စကားပြောဖို့တောင် အနိုင်နိုင်။

"ခင်ဗျား... ထင်သလို... မဟုတ်ရ..."

"မဟုတ်ဘူး ဟုတ်လား"

ချီရှူးက ကျွန်တော့ရဲ့ ပခုံးကို နင်းထားပြီး သူနဲ့ မျက်နှာချင်းဆိုင်ရအောင်လို့ ကျွန်တော့ကိုယ်ကို ဆွဲလှန်လိုက်တယ်။

"ငါ့အရှေ့မှာ ပရောပရည်တွေ လုပ်ပြနေတာလေ။ ငါက ကန်းနေတယ်လို့ ထင်နေသလား ဟမ်"

ခန္ဓာကိုယ်ကြောင့်လား၊ စိတ်ကြောင့်လေပဲလား မသိ၊ နှလုံးသားကို အပြင်ရော အတွင်းပါ ဓားထက်ထက်နဲ့ လှီးဖြတ်နေသလို စူးရှနာကျင်လျက်။


သူ ဘာလို့ ကျွန်တော့ကိုဆို မယုံရတာလဲ။

"ရှောင်းယွီ... မင်း ဘာလို့ ဒီလောက်တောင် အပေါစားဆန်နေရတာလဲ"

နွမ်းလျရွက်ဝါWhere stories live. Discover now