18

2.4K 376 12
                                    

[Unicode]

ကျိုးချန်က တပတ်အတွင်း ပြန်လာမယ်လို့ ပြောတယ်။ ဒါပေမဲ့ အခုတော့ ၂ရက်ပဲ ရှိသေးတာ ကျွန်တော်ကဖြင့် သေမလို ပျင်းနေရပြီ။ တချိန်လုံး တီဗွီပဲ ထိုင်ကြည့်နေရ။

ချန်နယ်လ်တွေ ဟိုပြောင်းဒီပြောင်းလုပ်ရင်းနဲ့ ရင်းနှီးတဲ့ မျက်နှာကို တီဗွီမှာ မြင်လိုက်ရတယ်။

ချီရှူး...

သူ့ပုံစံက ပြောင်းလဲသွားတာ မရှိပါဘူး။ ရေခဲတုံးကြီးလို အေးစက်နေတုန်းပဲ။ ဒါပေမဲ့ နည်းနည်းတော့ နွမ်းနယ်နေတဲ့ပုံ ပေါက်နေသလားလို့။ ဒါမှမဟုတ် ကျွန်တော်ပဲ အမြင်မှားလေသလား။

နောက်ဆုံးအကြိမ် တွေ့ခဲ့ရတာနဲ့ဆိုရင် သူ့ကို မတွေ့ရတာ တလကျော်နေပြီပဲ။

ကျွန်တော်က စိတ်ရောဂါကုထုံး (Systematic desensitization) နဲ့ ကုသမှု ခံယူနေတာမို့ တဆင့်ချင်းစီပဲ သွားရမယ်လို့ ကျိုးချန်ကပြောတယ်။ ဒါကြောင့်မို့ ကိုယ့်ကိုယ်ကိုယ် ဒုက္ခခံမနေတော့ပဲ ပိုပြီး စိတ်မသက်မသာဖြစ်မလာခင် တီဗွီကို ပိတ်လိုက်တယ်။


အချိန်ကိုက်ပဲ ဖုန်းမြည်လာတယ်။

"ရှောင်ယွီ... အစ်ကိုချန် မင်းနဲ့အတူ ရှိနေလား" ရွှီရှင်ကျယ်ရဲ့ လေသံက နည်းနည်းလေးတော့ စိုးရိမ်တကြီးဖြစ်နေသလိုပဲ။

"ဟင့်အင်း မရှိဘူး။ ဘာဖြစ်လို့လဲ"

"ချီရှူးက ဘာလို့ သူ့အဖိုးကို ဒေါသထွက်အောင်လုပ်ခဲ့လဲ ငါ သိသွားပြီ။ သူက ခွင့်ပြုချက်မရဘဲ စေ့စပ်ပွဲကို ရွှေ့ဆိုင်းလိုက်ပြီး ဝမ်းကျစ်ချင်နဲ့ လုံးဝ လက်မထပ်ဘူးလို့ ပြောခဲ့တယ် တဲ့။

အဲဒီ ဝမ်းမျိုးရိုးကောင်က တခုခုပဲလို့ ထင်နေလို့ သူ့ကို စောင့်ကြည့်ဖို့အတွက် ငါ လူနှစ်ယောက် လွှတ်ထားခဲ့တာ။ အခု အဲ့အကောင်က အကိုချန် ရှိတဲ့ နေရာကို သူ တယောက်တည်း သွားနေတယ်လို့ သတင်းရတယ်။ အကိုချန့်ဖုန်းကို ငါ ခေါ်နေတာ ခေါ်မရဘူးဖြစ်နေတယ်။ ချီးပဲ... အဲ့ ဝမ်းမျိုးရိုးကောင်က ဘာဖြစ်ချင်နေတာလဲ"

ရွှီရှင်ကျယ် ပြောပြီးနောက် ကျွန်တော့ရဲ့ စိုးရိမ်စိတ်တွေက ထိုးတက်သွားတယ်။

နွမ်းလျရွက်ဝါWhere stories live. Discover now