04

3K 407 12
                                    

[Unicode]

အဆုံးသတ်မှာ ချီရှူးက လွှတ်မပေးခဲ့ပါဘူး။

အလိုရမ္မက်တွေက မျက်ရည်တွေကို အမိုးအကာသဖွယ် ကာထားပေးပြီးနောက်ဆုံးတော့ မျက်ရည်တွေက တာရိုးကျိုးသဖွယ် ကျနိုင်ခဲ့ပါပြီ။ သူကတော့ ကျွန်တော် ပျော်နေတယ်လို့ ထင်နေရုံပဲလေ။

ကျွန်တော့ကို ကျရှုံးအောင် ဘယ်လိုလုပ်ရမလဲ သူ သိပါတယ်။ ဒီနေ့တော့ ကျွန်တော် သူ့ကို မနာခံချင်တာမို့ အိပ်ရာခင်းတွေကို ကြမ်းကြမ်းတမ်းတမ်း ဆွဲဆုတ်ပြီး ဒီနေရာမှာ မလုပ်ပါနဲ့လို့ တိုးလျိုးတောင်းပန်နေမိတယ်။

ဘယ်နေရာပဲဖြစ်ဖြစ် ရတယ်၊ ဒီမှာတော့ မဟုတ်ဘူး။

ဖယ်ရိုမုန်းအနံ့ အကြွင်းအကျန်တွေနဲ့ သူတို့ရဲ့ ရောယှက်နေခဲ့တဲ့ မြင်ကွင်းတွေက ကျွန်တော့ကို အန်ထွက်မိစေမှာ။

အတင်းအကျပ်ငြင်းဆန်နေရင် ချီရှူးက ပိုကြမ်းတမ်းလိမ့်မယ်လို့ ထင်ထားခဲ့ပေမဲ့ ဘာမှ ပြန်မလုပ်ခဲ့ဘဲ ကျွန်တော့ကို အပြင်က ဆိုဖာပေါ်ကိုသာ ပွေ့ချီသွားတယ်။

ခုနက အိုမီဂါလေးကြောင့် စိတ်ကျေနပ်သွားတယ်ထင်ပါရဲ့။ သူ ကျွန်တော့ကို ကြင်နာမှုလေး မဆိုစလောက် စွန့်ကြဲပေးလာတယ်လေ။

"ငိုတာအပြင် ဘာလုပ်တတ်သေးလဲ"

ချီရှူးက ပြောတယ်။

ဘာမှ မရှိပါဘူး။

သူ့ကို 'အကိုချီ' လို့ ညင်ညင်သာသာခေါ်ပြီး ဘယ်လိုမျိုး ကလူ၏သို့မြှူ၏သို့ လုပ်ရမလဲဆိုတာကိုလည်း မသိပါဘူး။ တခြားအိုမီဂါတွေလို ကိုယ့်ရဲ့ အယ်လ်ဖာက ဘယ်လို ကျေနပ်မှုပေးစေရမလဲကို တကယ် မသိပါဘူး။

ကျွန်တော့ရဲ့ ဖယ်ရိုမုန်းတွေကတောင် အစစ်မှ မဟုတ်တာရယ်။


ဂလင်းအစားထိုးခွဲစိတ်မှုပြီးတော့ ကျွန်တော် ရလာမယ့် ဖယ်ရိုမုန်းရနံ့က ကျွန်တော့ရဲ့ မူလခန္ဓာကိုယ်အပေါ်မှာ မူတည်တယ်လို့ ဆရာဝန်က ပြောတယ်။ ဒါကြောင့်မို့ပဲ ချီရှူးရဲ့ ဖယ်ရိုမုန်းအနံ့နဲ့ ကိုက်ညီမယ့် ရနံ့ကို ရွေးချယ်မယ့် ကျွန်တော့ရဲ့ မူလအစီအစဉ်ဟာ အရေးနိမ့်သွားရတယ်။

နွမ်းလျရွက်ဝါWhere stories live. Discover now