31

2.4K 326 16
                                    

[Unicode]

တခြားသူတွေရဲ့ မိသားစုအရေးကိစ္စထဲ ဝင်စပ်စုရတာက စိတ်မသက်မသာဖြစ်စေတာမို့ ကျွန်တော့မှာ မေးစရာမေးခွန်းတွေ ရှိနေတာတောင် ဘယ်ကနေ စရမယ်မှန်း မသိတော့။

ကျွန်တော်တို့ ဂျပန်စားသောက်ဆိုင်ရောက်မှပဲ ကျိုးချန်ကပြောတော့တယ်။

"မင်းကို ဒီလို အဖြစ်အပျက်တွေ ကြုံစေရတဲ့အတွက် ကိုယ် တောင်းပန်ပါတယ်"

"ဟင့်အင်း... ကျွန်တော်ကသာ တောင်းပန်ရမှာ"

ချီရှူးရော ကျိုးချန်ရောက အဘိုးကြီးချီကို ဘာလို့ အလွယ်တကူ ဒေါသသွားဆွကြလဲ ကျွန်တော် မသိပါ။ ဒါပေမဲ့ ခုနက သူတို့မြေးအဖိုးနှစ်ယောက်ရဲ့ စကားကို နားထောင်ပြီးခဲ့ချိန်မှာ‌တော့ ကျွန်တော်နဲ့ အနည်းနဲ့အများ ပတ်သက်နေလောက်မှာ အမှန်ပင်။

"တခုခု မေးစရာများ ရှိလား" သူက မေးတယ်။

ကျွန်တော် ခေါင်းညိတ်လိုက်တယ်။ ပြီးတော့ ခေါင်းခါလိုက်တယ်။ ကျွန်တော့မှာ တကယ်ပဲ မေးစရာတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ မေးခွန်းတွေက ပါးစပ်ဖျားရောက်တာနဲ့ အရေးမပါတဲ့မေးခွန်းတွေပဲလို့ ထင်မိသွားရော။

နောက်ဆုံးတော့ ကျွန်တော် မေးဖြစ်လိုက်ပါတယ်။

"ဒီနေ့ ဖြစ်သွားတဲ့ကိစ္စကြောင့် အကို ပြဿနာအကြီးကြီးတက်သွားနိုင်လား"

ကျိးချန်က ဟုတ်တယ်လည်း မပြော၊ မဟုတ်ဘူးလို့လည်း မပြော။

"ကိုယ် ကိုင်တွယ်နိုင်တယ်"

ဒီ အဓိပ္ပာယ်က ဟုတ်တယ် ဆိုတာပဲ။ ကျွန်တော် အာစေးကပ်သွားတယ်။

ကျွန်တော်က အမြဲ သူ့ကို ဒုက္ခပေးနေတာပဲနော်။

ကျွန်တော့ မျက်နှာထားက ဖတ်ရလွယ်ပါတယ်။ 'ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့' လို့ သူက ပြောတယ်။

"မင်းကြောင့် ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ။ ဒီ ကိစ္စဟာ အနှေးနဲ့အမြန် ဖြစ်လာမှာပဲ"

တကယ်ပဲလား... ယုံတဝက်-မယုံတဝက်နဲ့ပါ။ သူကပဲ ကျွန်တော့ကို နှစ်သိမ့်ပေးနေတာများလားလို့။

နွမ်းလျရွက်ဝါWhere stories live. Discover now