02

3.7K 449 5
                                    

[Unicode] 

အဆောင်ကို ပြန်သွားတဲ့အချိန်မှာ မမျှော်လင့်ဘဲ ကျွန်တော့ အခန်းဖော် ရှိနေသေးတာကို တွေ့လိုက်ရတယ်။

နှစ်ယောက်အိပ်အဆောင်ခန်းထဲ အတူနေတဲ့ ကျွန်တော့ရဲ့ အခန်းဖော် ရွှီရှင်ကျယ်က ကျွန်တော့လိုပဲ အနုပညာကျောင်းသား ဖြစ်ပါတယ်။ သူက ပန်းချီ အထူးပြု၊ ကျွန်တော်ကတော့ တယောပေါ့။

ရွှီရှင်ကျယ်က လိမ္မော်အနံ့ ဖယ်ရိုမုန်း ရှိတဲ့ အယ်လ်ဖာတယောက်ပါ။ သူ့ကို မြင်တိုင်းမှာ သူ့ရဲ့ ဖယ်ရိုမုန်းအတိုင်းပဲ ကြည်လင်ရွှင်ပျနေတယ်။

ကျွန်တော်က ဘီတာတယောက်ဖြစ်တာမို့ အယ်လ်ဖာ၊ အိုမီဂါ ဖယ်ရိုမုန်းတွေက ကျွန်တော့ကို သက်ရောက်မှု မရှိပါဘူး။ ဒါကြောင့် အဆောင်မှာ ရှိနေချိန်ဆိုရင် ရွှီရှင်ကျယ်က ဖယ်ရိုမုန်းတားဆီးပေးတဲ့ ပစ္စည်းကို သုံးလေ့မရှိဘူး။

အခန်းထဲ ဝင်ဝင်ချင်းမှာပဲ လိမ္မော်နံ့သင်းသင်းလေးက ကြိုဆိုတယ်။

"ရှောင်ယွီ... ပြန်လာပြီပဲ"

ရွှီရှင်ကျယ်က ကြည်လင်ရွှင်ပျစွာနဲ့ နှုတ်ဆက်တယ်။

"အိမ်မပြန်ဘူးလား"

ခေါင်းညိတ်ပြပြီး သူ့ကို ပြန်မေးလိုက်တယ်။

"ပရောဂျက်အတွက် စိတ်တိုင်း သိပ်မကျသေးလို့လေ... နည်းနည်းလောက် ပြန်ပြင်မလားလို့။ ကျောင်းစတူဒီယိုဝန်းကျင်က စာလုပ်ရတာ ပိုဈာန်ဝင်တာပေါ့။"

ရွှီရှင်ကျယ်က ပြောတယ်။

ပြောနေတုန်းမှာ ရွှီရှင်ကျယ်ရဲ့အရှေ့က ပန်းချီကားဒေါက်တိုင်ပေါ်မှာ ရေဆေးပုံကြမ်း ရှိနေတာကို သတိထားမိလိုက်တယ်။ ရွှီရှင်ကျယ်က အနောက်တိုင်း ဆီဆေးဘာသာရပ်ကို အထူးပြုယူထားတာပါ။ ဒါပေမဲ့ သူက ရေဆေးနဲ့ တခြား သေးသေးကွေးကွေးရေးဆွဲရတာတွေကိုလည်း သဘောကျသေးတယ်။

"ရှောင်ယွီ... မင်း ပိန်သွားတယ်"

ကျွန်တော် ဖြတ်လျှောက်သွားတော့ သူက မျက်မှောင်ကြုတ်ရင်း မေးတယ်။

"ကျွန်တော်..."

"အသည်းအသန် လေ့ကျင့်နေရလို့ပါ... အအိပ်ပျက်၊ အစားပျက်နဲ့လေ"

နွမ်းလျရွက်ဝါWhere stories live. Discover now