14

2.6K 353 3
                                    

[Unicode]

ချီရှူးနဲ့ ကျွန်တော်က ကောင်းမွန်သာယာတဲ့ အချိန်တွေကို ပိုင်ဆိုင်ကောင်း ပိုင်ဆိုင်နိုင်ခဲ့ကြမှာပေါ့။

အရင်တုန်းကတော့ သူက အခုလောက် ဒေါသထွက်မလွယ်ပါဘူး။ သူ ကျွန်တော့ကို ဂရုစိုက်လေ့ မရှိခဲ့ပေမဲ့ ညင်ညင်သာသာပဲ ဆက်ဆံခဲ့ပါတယ်။

ကျွန်တော်တို့ ပွေ့ဖက်၊ နမ်းရှုံ့၊ မရေမတွက်နိုင်အောင် ခန္ဓာကိုယ်ချင်း စပ်ယှက်ခဲ့ကြပြီး ချစ်သူရည်းစားတွေ လုပ်သမျှ အကုန် လုပ်ဖူးခဲ့ပါတယ်။ ချစ်စကားကြိုက်စကား ပြောတာက လွဲရင်ပေါ့။

သူ ကျွန်တော့ကို ဒီလိုအပြုအမူတွေ စလုပ်ခဲ့တာကတော့ လွန်ခဲ့တဲ့ ၂နှစ်ကပါပဲ။ ဘယ်အသီးပန်းကန်က သူ့ကို ဒေါသထွက်စေသွားလဲ ကျွန်တော် မသိပါဘူး။ သူက ပန်းကန်ကို ကြမ်းပြင်ပေါ် တိုက်ချလိုက်ပြီး ကျွန်တော့ကို အတင်း တွန်းချပစ်ခဲ့တယ်။ ကြမ်းပြင်ပေါ်က မြောက်များစွာသော ဖန်ကွဲစတွေက ကျွန်တော့ကို နက်နက်တခါ၊ တိမ်တိမ်တလှည့် ထိုးစိုက်စေပါတော့တယ်။ သူက ကျွန်တော့အင်္ကျီကို ဆွဲဖြဲခဲ့တဲ့နောက်မှာ သွေးညှီနံ့ဟာ စိမ့်ဝင်ပျံ့နှံ့လျက်။

ဖန်ကွဲစအကြွင်းအကျန်လေးတွေက ကျွန်တော့ရဲ့ အသွေးအသားထဲမှာ မြုပ်ဝင်နေခဲ့တယ်။ ပြီးသွားတော့လည်း ချီရှူးက မိသားစုဆရာဝန်ကို ခေါ်ပြီး ကျွန်တော့ရဲ့ ဒဏ်ရာတွေကို ဆေးကုသပေးခဲ့ပါတယ်။ ကျွန်တော့မှာ နာကျင်လွန်းလို့ အငိုမရပ်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ သူက နံဘေးကနေ အေးစက်စက် ကြည့်ကာ လုံးဝ လျစ်လျူရှုလျက်...

ကျွန်တော်က နာကျင်ခြင်းတွေကို ကြောက်ရွံ့နေရတာ ကျင့်သားရနေပါပြီ။ ဒါပေမဲ့ အခုတော့ သူ နှိပ်စက်သမျှကို အသံတသံမှ မထွက်ဘဲ သည်းခံရပါဦးမယ်။


လူသားတွေဆိုတာ တကယ်ကို ဈေးပေါလှတဲ့ တိရစ္ဆာန်တွေပါပဲ။

ကျိုးချန်က ကျွန်တော့ကို အမြန်ဆုံး ခွဲစိတ်ဖို့ စီစဉ်ပေးတယ်။ ခွဲစိတ်ခန်းထဲ မဝင်ခင်မှာ အဖြူရောင်နှင်းဆီပန်းစည်းကြီး ယူလာပေးတယ်။

"မင်း သိလား။ ကဗျာဆရာတယောက် ဒီလို ပြောဖူးတယ်။ 'ဘယ်လိုရနံ့ပဲ ရှိနေပါစေ နှင်းဆီက နှင်းဆီပဲ' တဲ့။"

နွမ်းလျရွက်ဝါWhere stories live. Discover now