35

1.9K 271 0
                                    

[Unicode]

ကျွန်တော် သူ့ကို တွန်းထုတ်လိုက်မိတယ်။

ကျွန်တော်က အချစ်ခံရတဲ့လူ မဟုတ်ပါဘူး။ ကျွန်တော် ကြောက်ရွံ့နေမိပါတယ်။

ကျွန်တော် အခု ဘယ်လောက်တောင် ရှက်ရွံ့နေမိမလဲဆိုတာ တွေးနေစရာတောင် မလိုတော့ပါဘူး။ တွေဝေမှင်တက်စွာ ရပ်နေပြီး မျက်ရည်တွေက ယိုယွင်းတာ ကြာရှည်နေပြီ ဖြစ်တဲ့ ဘုံပိုင်ခေါင်းက ရေတွေလို တသွင်သွင်စီးကျနေရင်းနဲ့ပါပဲ။

သူက ကျွန်တော့လူကို ချစ်တယ်ဆိုတာ ဘယ်လိုများ ဖြစ်နိုင်မှာတဲ့လဲ။

အချစ်ခံရဖို့ ထိုက်တန်တဲ့ အချောအလှလေးတွေ အများကြီး ရှိပါတယ်။ အဲ့ထဲမှာ ကျွန်တော်ကတော့ ဘယ်ပါမလဲနော်။

"တောင်းပန်ပါတယ်" ကျွန်တော် ပြောလိုက်တယ်။

ကျွန်တော်က ညစ်ထေးနေတဲ့အတွက် တောင်းပန်ပါတယ်။

သူက တခဏလောက် တောင့်တင်းသွားရတယ်။ ပြီးတော့ ခပ်ယဲ့ယဲ့ပြုံးရင်း ပြောတယ်။

"လုံလောက်ပါပြီ ဒီလောက်ဆိုရင်..."

အခန်းထဲမှာ အရက်နံ့တွေ သင်းနေတယ်။ ဒါကြောင့် ကျွန်တော် ထင်လိုက်တာက ကျိုးချန် ဒီနေ့ တော်တော်မူးနေလောက်မယ်လို့လေ။ အမူးသမားတွေက မဟုတ်တမ်းတရားတွေပဲ လျှောက်ပြောတတ်ကြတယ်မလား။

သူက ကျွန်တော့ကို ကြာရှည်စွာ စိုက်ကြည့်လိုက်ပြီး -

"ကောင်းပြီ"

...

ကျွန်တော် ညဘက် အိပ်မပျော်နိုင်မဖြစ်အောင် ဒီညမှာတော့ အိပ်ဆေးသောက်အိပ်လိုက်ရပါတယ်။

ညဘက်အိပ်မပျော်ဘူးဆိုရင် နှလုံးအတွက် မကောင်းဘူး တဲ့။ ဒါဆိုရင် ကျိုးချန်က စိတ်ပူနေရလိမ့်မယ်။

နောက်နေ့မနက် သူ ကျွန်တော့အခန်းထဲ ရောက်လာတော့ ကျွန်တော် နိုးတဲ့အချိန်နဲ့ ကွက်တိပါပဲ။ ဒါကြောင့် မထသေးဘဲ အိပ်နေသေးသယောင်ဆောင်လိုက်တယ်။

ကျွန်တော် အိပ်ချင်ယောင်ဆောင်နေမှန်းလည်း သူ သိရင် သိလောက်မှာပါ။ သူက ကျွန်တော့အိပ်ရာအစွန်းဘက်မှာ ဝင်ထိုင်လိုက်ပြီး ကျွန်တော့ဆံပင်ကို ခပ်ဖွဖွလေး ပွတ်သပ်ပေးတယ်။

နွမ်းလျရွက်ဝါWhere stories live. Discover now