20

2.7K 361 6
                                    

[Unicode]

အယ်လ်ဖာတယောက်ရဲ့ အမှန်တကယ် ဖြစ်တဲ့ rut ကာလက ဘယ်လိုမျိုးလဲဆိုတာကို နောက်တရက်မှာပဲ ကျွန်တော် သိရှိခဲ့ရပါတယ်။

ကျိုးချန်က သူ့အနားကပ်လာတဲ့လူ မှန်သမျှကို မောင်းထုတ်ပစ်တယ်။ အကာအကွယ်ဆေး ထိုးပြီးနောက်မှာတော့ သူက အရမ်းကို ပြိုင်းနေကာ နိုးထဖို့ကို အချိန်ယူနေရပြီး ငိုက်မြည်းနေတဲ့ ခြင်္သေ့ကြီးတကောင်လိုပါပဲ။

တချိန်တည်းမှာပဲ သူဟာ ကျွန်တော့ကို မျက်စိအောက်ကနေ အပျောက်မခံတော့ပါဘူး။ မသိရင်တော့ ကျွန်တော်က သူ့ကိုယ်ပိုင် ခေါင်းအုံးလေးအလား။

သူ ကျွန်တော့ကို နောက်ကျောကနေ သိုင်းဖက်လိုက်ချိန်တိုင်းမှာ ကျွန်တော့ရဲ့ ကုတ်ပိုးကို ကိုက်လိမ့်မယ်ဆိုတဲ့ ခံစားချက် ဝင်နေမိတယ်။ ဒါပေမဲ့ သူ လုပ်ခဲ့တာက နှာခေါင်းထိပ်လေးနဲ့သာ ပွတ်သပ်ခဲ့တာပါပဲ။

ဒီလိုပုံစံ ဆက်ဆံရေးက ကျွန်တော့ကို ဇဝေဇဝါဖြစ်စေပါတယ်။

ကျွန်တော်တို့နှစ်ယောက်ဟာ ဆရာဝန်နဲ့ လူနာ ဆက်ဆံရေး မဟုတ်၊ သူငယ်ချင်းတွေလည်း မဟုတ်ကြသလို စပွန်ဆာကိုကိုဆက်ဆံရေးမျိုးလည်း မဟုတ်။

ကျွန်တော်တို့နှစ်ယောက်ဟာ ချစ်သူတွေများ ဖြစ်သွားကြပြီလားဆိုတဲ့ ထင်ယောင်ထင်မှားဖြစ်မှုလေးတော့ ရှိခဲ့မိပါတယ်။ ဒါပေမဲ့ ချစ်သူတွေဆိုတာက ဖက်ပြီးတာနဲ့ ပြီးသွားကြတာမှ မဟုတ်တာလေနော်။

ဘာပဲဖြစ်ဖြစ် 'လိုအပ်တယ်' ဆိုတဲ့ စကားလုံးက မကောင်းတာမှ မဟုတ်တာ။ သူက ကျွန်တော့ကို လိုအပ်တယ် ဘာလို့လဲဆိုတော့ ကျွန်တော်ဖြစ်နေတာမို့လို့။


ကျွန်တော် တယောကို ကျိုးချန်ရဲ့ အခန်းဆီ ယူလာပြီး တယောပညာရှင် 'ရက်ကတ်လင်း ဒျူ ပရေး' ရဲ့ 'ရက်ကတ်လင်းရဲ့မျက်ရည်များ (Jacqueline's tears)' တေးသွားကို တီးပြခဲ့တယ်။

ကျွန်တော့စိတ်ဝိဉာဉ်နဲ့ နှလုံးသားကို ဂီတနဲ့ တပေါင်းတစည်းတည်းဖြစ်စေဖို့နဲ့ အဲဒါဆိုရင် သာမန်ထက်ကို ပိုကောင်းလိမ့်မယ်လို့ သူက အကြံပြုတယ်။

နွမ်းလျရွက်ဝါWhere stories live. Discover now