15

2.6K 379 0
                                    

[Unicode]

ကျွန်တော် ဆေးရုံကဆင်းတဲ့နေ့မှာ နေသာနေခဲ့တယ်။ အဲ့တော့မှ နွေရာသီရောက်နေပြီမှန်း သတိထားမိခဲ့။

ကျွန်တော် ဆေးရုံမှာ ရှိနေစဉ်တလျှောက်လုံး ပြင်ပနဲ့ အဆက်အသွယ်မရှိခဲ့ပါဘူး။ ပြင်ပအကြောင်း ကျွန်တော် သိရသမျှက ကျိုးချန် နေ့တိုင်း ယူလာခဲ့တဲ့ သတင်းစာတွေကနေပါပဲ။

ကျိုးချန်မှာ ခေတ်ဟောင်းခေတ်က အလေ့အကျင့်တခု ရှိတယ်။ သတင်းစာမှာ ပါတဲ့ စိတ်ဝင်စားစရာ အကြောင်းအရာတွေကို ဖြတ်ညှပ်ပြီး မှတ်စုစာအုပ်မှာ ကပ်ထားတတ်တယ်။ ပြီးတော့ ကျွန်တော့ကို ပြတယ်လေ။

သူ့ကို ဟာသအနေနဲ့ အသက်ဘယ်လောက်ရှိပြီလဲလို့ မေးဖူးတယ်။ အဲဒီအခါကျ သူက ဟန်ဆောင်ပန်ဆောင် အလေးအနက်ထားတဲ့ ပုံစံနဲ့ သူများအသက်ကို မေးတာ မယဉ်ကျေးတာပဲလို့ ပြောပြီး ဆူတယ်။ ပြီးတာနဲ့ ချက်ချင်းပဲ မျက်ခုံးကြုံ့ထားရာမှ ပြန်ဖြည်ပြီး ၃၁နှစ်လို့ ဖြေတယ်။

ကျွန်တော် သူ့ကို ထပ်မေးပြန်တယ်။ "ဒေါက်တာက တကယ်ပဲ ဆရာဝန်ရော ဟုတ်ရဲ့လား။ အလုပ်မလုပ်ဘူးလား"

သူက ခွင့်ယူထားတယ်လို့ ဖြေတယ်။

"မေးခွန်းတွေ ထပ်ရှိသေးရင် တပေါင်းတည်းမေးလေ" သူ့ပုံစံကြည့်ရတာ ကူကယ်ရာမဲ့။

ကျွန်တော့မှာ မေးခွန်းထပ်မရှိတော့ပါဘူး။


နေဦး... တခု ထပ်ရှိသေးတယ်။

"ဒေါက်တာ ကျွန်တော့ကို ဒီလောက် ကူညီပေးနေတာ။ တကယ်လို့ ချီရှူးကများ..."

"စိတ်ချလက်ချ အနားယူ"

သူက လက်ထဲက စာအုပ်ကို ပိတ်လိုက်ပြီး ဘာကိုမှ အမှုမထားသလို ပြောတယ်။

"သူ့မှာ ကိုယ်နဲ့ပတ်သက်ပြီး ဘာမှ လုပ်နိုင်စွမ်း မရှိဘူး"


ဆေးရုံကနေ ပြန်တဲ့လမ်းမှာ ကျွန်တော် သူ့ကို ချီရှူးအိမ်ကို သွားချင်တယ်လို့ ပြောလိုက်တယ်။

ကျိုးချန်က ကျွန်တော့ကို တချက်ကြည့်လိုက်ပြီး ဘာမှ ထပ်မပြောတော့ဘဲ ဒရိုင်ဘာကို လမ်းကြောင်းပြောင်းခိုင်းလိုက်တယ်။

နွမ်းလျရွက်ဝါWhere stories live. Discover now