03

3.2K 419 12
                                    

[Unicode]

ချီရှူးရဲ့ ရုံးခန်းက ၂၈လွှာမှာ ရှိတယ်။

ဓာတ်လှေကားက အထပ် တထပ်စီ ရောက်တိုင်း လူက မအီမသာဖြစ်လာရတယ်။

ဘယ်တုန်းကတည်းက အစတည်နေမှန်း မသိပေမဲ့ ချီရှူးအပေါ် ထားရှိတဲ့ ရောင့်ရဲမတင်းတိမ်နိုင်တဲ့ အချစ်တွေက ပြောမပြတတ်တဲ့ ကြောက်ရွံ့မှုတွေ၊ ငြင်းပယ်ခံရမှုတွေနဲ့အတူ ရောပြွမ်းနေတယ်။

ကျွန်တော် သူ့ကို ကြောက်ပါတယ်။ ဒါပေမဲ့ သူနဲ့ နီးစပ်ချင်နေသေးတုန်းပဲ။

အထူးသဖြင့် ဂလင်းအစားထိုးပြီးနောက်ပေါ့။ သူ ကျွန်တော့ကို ထိန်းချုပ်ချင်တဲ့အခါ ဒါမှမဟုတ် heat တက်အောင် တွန်းအားပေးချင်တဲ့အခါ သူ့ရဲ့ ဖယ်ရိုမုန်းတွေကို အမြဲ သုံးလေ့ရှိတယ်။ အဲဒီအချိန်မှာ ကျွန်တော် နားလည်လိုက်ရတာက အိုမီဂါတယောက် ဖြစ်ရတာ တကယ့်ကို မလွယ်ကူဘူးဆိုတာပါပဲ။

ချီရှူးရဲ့ ဖယ်ရိုမုန်းအနံ့က ပယင်းပါ။ ချိုမြပေမဲ့ လူကို နွေးထွေးအောင် မစွမ်းသာနိုင်ဘူး။


တင်ခနဲ မြည်သံနဲ့အတူ ဓာတ်လှေကားတံခါး ပွင့်သွားတယ်။

ကွန်ဖရင့်အခန်း နှစ်ခန်းနဲ့ အမှုဆောင်ရုံးခန်းအနည်းအကျဉ်းမျှသာ ရှိတဲ့ ၂၈လွှာက ဟင်းလင်းဖြစ်နေတယ်။ ကော်ရစ်ဒါတလျှောက် လျှောက်သွားလိုက်ပြီး အဆုံးနားက မှန်တံခါးကို တွန်းဖွင့်ဝင်လိုက်တယ်။

ချီရှူး မရှိဘူးလား...။

ဧည့်ကြိုခန်းမနဲ့ အပြင်ဘက်ရုံးခန်းမှာလည်း လူမရှိဘူး။ လေထဲကနေ ထူးဆန်းတဲ့အနံ့က ခပ်သင်းသင်း ပျံ့လွင့်လာတာနဲ့အတူ ပင်ကိုယ်အသိစိတ်က အထဲကို ဝင်အောင် တွန်းပို့ပေးနေတယ်။ ပိတ်ထားတဲ့အိပ်ခန်းတံခါး အပြင်ဘက်ကနေ ဆိုးရွားတဲ့ ပင့်သက်ရှိုက်နဲ့ သာယာညည်းညူသံတွေကို အတိုင်းသားကြားနေရတယ်။

ခေါင်းတခုလုံး ပေါက်ထွက်သွားတော့မလိုပဲ။

ချီရှူး...

မသိလိုက်ဘာသာပဲ ခန္ဓာကိုယ်က ဒီနေရာကနေ လွတ်မြောက်သွားချင်ပေမဲ့ လက်ကတော့ တံခါးလက်ကိုင်ကို တင်းတင်းဆုပ်ကိုင်မိပြီး နေရာမှာတင် မလှုပ်နိုင်မရှားနိုင်။

နွမ်းလျရွက်ဝါDonde viven las historias. Descúbrelo ahora