36

1.9K 299 6
                                    

[Unicode]

ကျွန်တော် ရှောင်းဖေးရဲ့ ရှေ့နေကို ရှာတွေ့ခဲ့တယ်။ ကံကောင်းစွာနဲ့ပဲ သူက ဒီလောက်နှစ်တွေ အများကြီး ကြာနေတာတောင် ဥပဒေကုမ္ပဏီ (Law Firm) တခုမှာ တည်တည်မြဲမြဲ အလုပ်လုပ်နေတုန်းပါပဲ။

ကျွန်တော် သိခဲ့ရတာကတော့ ရှောင်းဖေးက သက်ဆိုင်ရာ (သေတမ်းစာ) ဥပဒေစာရွက်စာတမ်းတွေထဲမှာတော့ သူ ကိုယ်တိုင် ရေးသားထားခဲ့တာဖြစ်ပါတယ်။ အဲဒီ စာရွက်စာတမ်းတွေကို ကျွန်တော် ဖတ်ကြည့်လိုက်တယ်။ ဘာပြဿနာမှ မရှိဘူး။

တကယ်လို့များ ရှောင်းဖေး ချန်ထားခဲ့တဲ့ စာအစောင် ၁၀၀ကျော်အကြောင်းကို ရှေ့နေကြီးများ သိလေမလားလို့ ကျွန်တော် မေးလိုက်ပါတယ်။ သူကတော့ သေချာပေါက် မသိပါဘူးလို့ပဲ ဖြေပါတယ်။ အဲဒီ စာတွေနဲ့ တခြားပစ္စည်းတွေက ပိုင်ဆိုင်မှုအကြောင်းအရာနဲ့ မသက်ဆိုင်ဘူးလို့လည်း ပြောတယ်။

ရှေ့နေကြီးကို ဆက်မေးလို့လည်း ရမှာ မဟုတ်တော့ဘူးဆိုတော့ လက်ရေးမူကို စစ်ချက်ယူဖို့ပဲ ကျန်တော့တယ်။

ရလဒ်ကို စောင့်ဆိုင်းနေစဉ်မှာပဲ ကျွန်တော် ဝမ်းယန်နဲ့ တွေ့ဖို့ ချိန်းလိုက်တယ်။

အဲဒီနေ့က သူ ကျိုးချန်ကို ဘာပြောခဲ့လဲ ကျွန်တော် မေးဖို့ မေ့သွားတာ။ အခုမှ ပြန်စဉ်းစားကြည့်လိုက်မိတော့ တခုခုက လွဲနေသလိုပဲ။

ဘာပဲဖြစ်ဖြစ် ဝမ်းယန်က မပြတ်မသားပါ။ သူက ကျွန်တော့ကို မလိမ်ချင်သလို အမှန်ကိုလဲ ပြောချင်ပုံ မပေါ်။

"ပြောရရင်ကွာ တခြားအကြောင်းအရာတွေ ရှိသေးတယ်။ တကယ်လို့ ငါ မပြောရင်တောင် မင်း တနေ့နေ့ကျ နားလည်လာမှာပါ" သူက ပြောတယ်။

"ကျိုးချန်အနားကို မင်း မရောက်လာခင်တုန်းက ငါ ထင်ထားခဲ့တာက သူ့ရဲ့ အပြင်ပန်းနဲ့ အတွင်းစိတ်ဟာ အပူနဲ့ အအေးလိုပဲ။ သူက အဲ့လိုလူမျိုး"

အပြင်မှာ နွေးထွေးပြီး စိတ်ထဲကျ အေးစက်တတ်တဲ့ လူလား။ ကျိုးချန်ကို ပထမဆုံးအကြိမ် စတွေ့တုန်းက ကျွန်တော်လည်း အဲ့လို ထင်မိခဲ့ပါသေးတယ်။

"သူက လူတွေအပေါ် ယဉ်ကျေးပြီး ကြင်နာချင်ရင် ကြင်နာတတ်လိမ့်မယ်။ ဒါပေမဲ့ သူက အမြဲတမ်း စည်းပါးပါးလေး တားထားလေ့ရှိတယ်။ အဲဒီစည်းကို ဘယ်သူ့ကိုမှ ကျော်လာခွင့် မပေးဘူး" ဝမ်းယန်က စဉ်းစားရင်း ဖြည်းဖြည်းချင်း ပြောတယ်။

နွမ်းလျရွက်ဝါWhere stories live. Discover now