21

2.5K 355 5
                                    

[Unicode]

မိဘတွေ ပြန်ရှာတွေ့တဲ့အချိန်မှာ ရှောင်ယွီက ရေခဲမုန့်တောင် စားပြီးနှင့်နေပြီ။ ငယ်သေးပုံရတဲ့ လင်မယားနှစ်ယောက်က ကလေးကို စိတ်ပူနေလို့ ငိုတောင်ငိုနေကြတယ်။ ပြန်ရှာတွေ့တော့ ကျွန်တော်တို့ကို ကျေးဇူးတင်မဆုံး။

ကျွန်တော်တို့ နှုတ်ဆက်ကြတော့လည်း ရှောင်ယွီလေးက အခေါ်အဝေါ် မပြောင်းခဲ့ပါဘူး။

"တာ့တာ ကိုကို... တာ့တာ ဦးဦး"

ဒီ မိသားစု သုံးယောက်ကိုကြည့်ရင်း နှလုံးသားထဲ ပြောမပြနိုင်လောက်တဲ့ ခံစားချက်တွေ ပြည့်လာကာ မသိလိုက်ဘာသာနဲ့ပဲ ဝမ်းဗိုက်ကို ပွတ်သပ်နေမိတယ်။

တကယ်လို့သာ...

ထားလိုက်ပါတော့။

"ကလေးချစ်တတ်တာလား" ကျိုးချန်က မေးတယ်။

"အင်း" ကျွန်တော် အင်းလိုက်လိုက်တယ်။

သူက ထပ်မပြောတော့ဘူး။

ကျွန်တော်တို့ နှစ်ယောက်လုံး သိပါတယ်။ ကျွန်တော်က ဘယ်တော့မှ ကိုယ်ဝန်ထပ်မဆောင်နိုင်တော့ဘူးဆိုတာကို။

မြောက်မြားလှစွာသော 'ပထမဆုံး' နဲ့ 'နောက်ဆုံး'တွေက ကျွန်တော်နဲ့ ချီရှူးတို့ရဲ့ အကြား အချိန်တိုလေးအတွင်းမှာ ဖြစ်ပွားခဲ့တယ်။

ဒီ အတိတ်က အရာတွေကို 'သူ့ကို မချစ်တော့ဘူး' ဆိုတဲ့ ပေါ့ပေါ့ပါးပါးစကားလေးနဲ့ ခဝါချပစ်လိုက်လို့တော့ ဘယ်ရနိုင်မလဲ။


ညမှောင်နေပြီ။

ကစားကွင်းရဲ့ မီးပန်းပြပွဲကို စားသောက်ဆိုင်ရဲ့ ခေါင်မိုးထပ်မှာ ထိုင်ကြည့်နေခဲ့တယ်။

မရေမတွက်နိုင်တဲ့ ကြည်နူးဖွယ်ရာအရောင်အသွေးအလှအပတွေက လောကကြီးကို တန်ဆာဆင်နေကြတယ်။ နတ်သမီးပုံပြင်တွေရဲ့ ခမ်းနားထည်ဝါတဲ့ အိပ်မက်ကမ္ဘာက ညဉ့်ဦးယံကောင်းကင်ယံထက်မှာ ဆင်မြန်းလို့နေခဲ့တယ်။

ကျွန်တော်ဟာ အတိတ်တုန်းက လောကကြီးကို အမှောင်ချလို့ မျက်လုံးစုံမှိတ်ပြီး နေနေခဲ့ရလောက်အထိ တုံးအလွန်းခဲ့ပါတယ်။

နွမ်းလျရွက်ဝါWhere stories live. Discover now