"မင်းက ငယ်ငယ်လေးပဲ ရှိသေးတာ။ ဝမ်းမနည်းပါနဲ့။"

ကျွန်တော်က ဝမ်းနည်းနေတာ မဟုတ်ကြောင်းနဲ့ မူရင်းတေးသွားကိုက ဝမ်းနည်းဖို့ကောင်းနေတာ ဖြစ်ကြောင်း ရှင်းပြရတယ်။

သူက မျက်မှောင်ကြုံ့လိုက်ပြီး ကျွန်တော့နဖူးထောင့်က အမာရွတ်ကို ဖြေးညင်းစွာ ထိတွေ့တယ်။

ဒီအထိအတွေ့ဟာ နွေဦးမှာ ပထမဆုံးပွင့်တဲ့ ပန်းလေးတွေကို လိပ်ပြာလေးက နမ်းရှုပ်နေသကဲ့သို့။

"သေဆုံးခြင်းနဲ့ ရှင်သန်ခြင်းကို ကိုယ် အကြိမ်ပေါင်းများစွာ မျက်မြင်တွေ့ကြုံပြီးခဲ့ရပြီ။ အရမ်းကို များလွန်းလို့ ဘယ်သူတဦးယောက်ရဲ့ အသက်နဲ့ ပတ်သက်ပြီးတော့ ထပ်ပြီး မတုန်လှုပ်တော့ဘူးလို့ ကိုယ့်ကိုယ်ကိုယ် ထင်နေခဲ့တာ" သူ ပြောတယ်။

"ဒါပေမဲ့ အဲဒီနေ့... မင်း ခွဲခန်းမှာ အသက်လုနေခဲ့ရတဲ့ နေ့မှာ ကိုယ် ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်... ခေါ်မသွားပါနဲ့... လို့"

"မင်း သိလား ဆရာဝန်တယောက်က ဘုရားသခင်ရဲ့ တန်ခိုးကို စတင်ယုံကြည်နေပြီဆိုတာက ဘာအဓိပ္ပာယ်လဲဆိုတာကိုလေ...။ အဲဒါက *အာခီလိစ်ရဲ့ ခြေဖနောင့်ကို အဆိပ်လူးမြားထိမှန်သွားသလိုပဲ တဲ့"

"မင်း ဆက်ပြီး ရှင်သန်ဖို့ ရွေးချယ်ခဲ့တာကို ကိုယ် ဝမ်းသာတယ်"

...


နေဝင်ချိန်က ပြတင်းပေါက်အပြင်ကနေ ချဉ်းနင်းဝင်ရောက်လာခဲ့ပြီ။

အလင်းရောင်က ခန်းဆီးရဲ့ အဟကြားကနေ ဖြတ်ကျော် ဝင်ရောက်လာကာ ကော်ဇော်ခင်းပေါ် ဖြာကျနေခဲ့တယ်။

အရင်လို ရွှေကိုင်းမျက်မှန်၊ ဂျူတီကုတ်အဖြူရောင်နဲ့ ကျိုးချန်မဟုတ်ဘဲ ဒီ စွဲမက်ဖွယ်ကောင်းတဲ့ နေဝင်ရီတရောအချိန်က ကျိုးချန်ကို ကျွန်တော် ခိုးကြည့်နေမိတယ်။

ဒီ rut ကာလ ပြီးသွားရင် အရင်လို တည်ငြိမ်ပြီး ချုပ်ထိန်းနိုင်အားကောင်းတဲ့ ကျိုးချန် ပြန်ဖြစ်သွားမှာ ဖြစ်ပြီး ဒီအခြင်းအရာကတော့ ကျွန်တော်တို့နှစ်ယောက်ကြားက လျှို့ဝှက်ချက်အဖြစ်သာ ကျန်နေခဲ့ပါလိမ့်မယ်။

နွမ်းလျရွက်ဝါWhere stories live. Discover now