နာကျင်ရလွန်းလို့ ကယောင်ကတမ်းဖြစ်ပြီး ဆရာဝန်ကို မော်ဖင်းထိုးပေးပါတော့လို့ တောင်းဆိုရတဲ့အထိပဲ။

ဒါပေမဲ့ ဆရာဝန်က ကျွန်တော့ကို သနားကရုဏာသက်စွာ ကြည့်ရင်း ခေါင်းခါပြတယ်။

'သည်းခံရမယ်' တဲ့။

သည်းခံရမယ်...

ကျွန်တော် ချီရှုအတွက်ပဲ အစားထိုးဂလင်းကို ထည့်ခဲ့တာပဲ ဖြစ်တယ်။

ဒါက ကျွန်တော့ဆန္ဒအရလုပ်တာမို့ သည်းခံရပါမယ်။


ဆန်းသစ်လာတဲ့ သိပ္ပံနဲ့ နည်းပညာမှာ ဘယ်လိုရည်ရွယ်ချက်နဲ့ပဲဖြစ်ဖြစ် လူတွေရဲ့ ဂလင်းကို ဖယ်ထုတ်ပေးတာ၊ ထည့်သွင်းပေးတာတွေကို လုပ်ဆောင်လို့ ရနေပါပြီ။ လိင်အမျိုးအစားကိုတော့ မပြောင်းလဲပေးနိုင်ပေမဲ့လို့ပေါ့။

ဒါပေမဲ့လည်း အဆုံးသတ်မှာတော့ အတုက အတုပါပဲ။

ချီရှူးက ကျွန်တော့ရဲ့ ဒီ ဂလင်းကို ကိုက်ဖြဲပြီး လွှမ်းမိုးမှုနဲ့ အပိုင်ရရှိမှုကနေ သာယာမှုကို ခံစားနိုင်ပါတယ်။ တကယ့်တကယ်တမ်း အမှတ်အသားမပေးနိုင်​ပေမဲ့လို့။

သူကလည်း ကျွန်တော့ကို အမှတ်အသားပေးချင်မှာမှ မဟုတ်တာ။


အရုဏ်တက်ပြီ။

နွေဦး အစောပိုင်းကာလရဲ့ နေခြည်ထွေးထွေးက စိတ်ချမ်းမြေ့စေတယ်။

နေခြည်အောက်မှာ လူတွေက သက်ဝင်လှုပ်ရှားနေကြတယ်။ ကျွန်တော်ကလွဲလို့ပေါ့။

ကျွန်တော် နိုးလာတဲ့အခါမှာ ချီရှူး ထွက်သွားနှင့်ပြီ။ ချီရှူးမှာ မနေ့ညတုန်းက သူ ဘယ်လောက်ပဲ ပြင်းပြင်းထန်ထန်သောင်းကျန်းနေခဲ့ပါစေ နောက်နေ့ မနက်မှာ ရုံးကို ၉နာရီအရောက်သွားတတ်တဲ့ စည်းကမ်းတခု သူ့မှာ ရှိတယ်။

သူ မရှိရင် အိမ်ကြီးက ခြောက်ကပ်ပြီး အေးစက်လှပါတယ်။

ကျွန်တော်က သူ ခေါ်တိုင်း ပြေးလာတတ်တဲ့ ပြည့်တန်ဆာနဲ့ တူမနေဘူးလား။ အရုဏ်တက်ပြီးရင် အဝတ်အစားပြန်ဝတ်ပြီး ထွက်သွားရတာမျိုးလေ။

နွမ်းလျရွက်ဝါWhere stories live. Discover now