Episode - 35 . 5

3.4K 224 14
                                    

• Mature Content •

[ 肖战 ,晚安 。]

" ဝမ်ရိပေါ် ငါမင်းကိုချစ်တယ် "

ကျယ်လောင်လှတဲ့နှလုံးခုန်သံက သွေးကြောတွေပေါက်ထွက်လုနီးပါး။ တောင့်တနေတဲ့တစ်ခုတည်းသောဆန္ဒက ပြည့်ဝသွားတဲ့အခါ ပျော်ရွှင်ခြင်းဆိုတဲ့စိတ်ခံစားချက်က တစ်ကိုယ်လုံးအနှံ့ပြည့်နှက်နေခဲ့သည်။

တိမ်တွေကြားထဲမျောလွင့်နေသည့်နှယ် ၊ အိစက်လွန်းသောဖဲမွေ့ယာအပေါ်လဲချလိုက်ရသည့်နှယ် ခံစားချက်တွေကနူးညံ့လွန်းနေခဲ့သည်။ အရမ်းကို။

အပန်းဖြေဥယျာဥ်အနီးအနားတွင် ဝယ်ယူထားသည့်ဗီလာသို့ ဘယ်လိုဘယ်ပုံရောက်သွားလဲမသိခဲ့ချေ။ ခံစားချက်တွေထဲနစ်မြုပ်နေခဲ့သည့်လူနှစ်ဦးက ဘယ်အရာကိုမှသတိမထားမိတော့ပေ။

ဗီလာထဲရောက်သွားသည်နှင့် တစ်ဦးကိုတစ်ဦးပွေ့ဖက်ကာ အနမ်းတွေဆက်နေခဲ့သည်။ ပြင်းပြစွာ ၊ မွတ်သိပ်စွာဖြင့်။

မောဟိုက်နေသော်လည်း နှုတ်ခမ်းတွေကကွဲကွာသွားမည့်ပုံမရှိဘဲ ပိုပြီးနီးကပ်သွားလေသည်။ ရိပေါ်ကိုလည်ပင်းတွဲခိုထားသည့်
ရှောင်းကျန့်ရဲ့လက်တွေကလျှောကျလာပြီး အင်္ကျီထဲသို့တိုးဝင်သွားသည်။

ပြေးလွှားနေသည့်လက်တွေကို ရိပေါ်စုကိုင်လို့ ခေါင်းပေါ်သို့မြှောက်လိုက်ပြီးနံရံသို့ကပ်လိုက်သည်။ မျက်နှာကိုလက်တစ်ဖက်ဖြင့်ပင့်မကာ မရောင့်ရဲနိုင်သေးသည့်အနမ်းကို ထပ်ပြီးပုံဖော်သည်။

လျှာဖျားချင်းယှက်လိမ်ကာ အတွင်းကျကျနမ်းနေသည့်အခါ ရှောင်းကျန့်မောဟိုက်လာသလို နံရံဆီသို့ကပ်ကာမြှောက်ထားရသည့်လက်မှာလည်း ညောင်းလာတော့သည်။

နှုတ်ခမ်းတွေကွဲကွာသွားသည့်အခါ မောနေသည့်ရှောင်းကျန့်ခမျာ ရိပေါ်ပုခုံးထက်ခေါင်းငိုက်စိုက်ကျသွားတော့သည်။

'ကျိန်းသေပေါက်ကိုအနမ်းပါရဂူပါပဲ'

စကားပြောမည့်အချိန်ပင့်ချီခံလိုက်ရတာကြောင့် အလန့်တကြားဖြင့်ခြေထောက်တွေက ရိပေါ်ခါးကိုချိတ်တွယ်မိတော့သည်။

HAPPY ENDING [ YIZHAN ]Место, где живут истории. Откройте их для себя