Episode - 29

1.6K 219 7
                                    

[ နင်သေကိုသေရမယ် ! ]

A နိုင်ငံ ၊ အဆင့်မြင့်ဆေးရုံ။

လူနာကုတင်ဘေးရှိထိုင်ခုံတွင်ထိုင်ကာ လက်တစ်ဖက်ကလဲလျောင်းနေသည့်လူရဲ့လက်ကို ဆုပ်ကိုင်ထားပြီး ကျန်တစ်ဖက်ကစာအုပ်ကိုကိုင်ကာ စာဖတ်နေလေသည်။

A နိုင်ငံကိုရောက်သည်မှာသုံးရက်ကြာသွားသည့်တိုင် ခွဲစိတ်ထားသည့်လူမှာမနိုးထလာသေးပေ။
ဖတ်လက်စစာအုပ်မှာပြီးသွားသည့်တိုင် သတိမေ့နေသောသူမှာမနိုးလာခဲ့။

" မုန့်အာ အကြာကြီးအိပ်တာ ကျန်းမာရေးအတွက်မကောင်းဘူးလေ "

ရှိသမျှအလုပ်တွေနဲ့လုပ်လက်စတွေကို နှစ်ခါတောင်ပြန်မစဥ်းစားဘဲပစ်ထားခဲ့သည့်အတွက် သူ့ရဲ့အေးဂျင့်မှာဖုန်းကိုမီးကျွမ်းမတတ် အခေါက်ခေါက်အခါခါခေါ်နေခဲ့သည်။

ကောင်းမင်ကတော့ ဖုန်းထဲကကဒ်ကိုဖြုတ်လိုက်ပြီး အသစ်လဲထားလိုက်ကာ မိဘဖြစ်သူတွေကိုအကျိုးအကြောင်းရှင်းပြပြီးတာနဲ့ ဖုန်းပိတ်ထားလိုက်တော့သည်။

Aနိုင်ငံကိုရောက်ရောက်ချင်း သတင်းထောက်တွေနဲ့ကြုံရမည်ထင်ခဲ့ပေမဲ့ အထင်နဲ့အမြင်ကလွဲခဲ့သည်။

" မုန့်အာရဲ့အမက ထင်ထားတာထက်ပိုကြောက်ဖို့ကောင်းတာပဲ "

တံခါးရှေ့တွင်ရပ်စောင့်နေသည့် စည်းစနစ်ကျသည့်သက်တော်စောင့်များကသက်သေပင်။

" ဒါတွေကကိုယ့်အလုပ်မှမဟုတ်တာ ၊ အာရုံမထားတာပဲကောင်းပါတယ်။ "

စာအုပ်ကိုဘေးဘက်ရှိခုံပေါ်သို့တင်လိုက်ပြီး
ဆုပ်ကိုင်ထားသည့်လက်ကို လက်ခုပ်ထဲထည့်လို့ လက်ဖမိုးလေးကိုလက်မနဲ့ပွတ်သပ်ရင်း။

" မုန့်အာ မပျင်းရအောင် ၊ ကိုယ့်ရဲ့ခံစားချက်တွေပြောပြရမလား "

လေးထောင့်ဆန်သည့်အပြုံးလေးထွက်ပေါ်လာပြီး နားရွက်ဖျားတွေရဲသွားသည်။ မျက်နှာကိုလက်တစ်ဖက်ဖြင့်အုပ်မိုးကာ။

" ကိုယ်တော့နေမကောင်းတဲ့သူကို အခွင့်အရေးယူနေမိသလိုပဲ"

လက်ကိုပြန်ချလိုက်သည့်အခါ စိမ်းဖန့်ဖန့်မျက်ဝန်းတွေက ရှက်သွေးကြွယ်နေပြီး။

HAPPY ENDING [ YIZHAN ]Where stories live. Discover now