Episode - 17

2.1K 315 8
                                    

[ ပျော်ရွှင်နေတဲ့အောက်ပုဂ္ဂိုလ်အယောင်ဆောင်ချစ်ဇနီးလေး ]

ကျင့်သားမရတဲ့ပတ်ဝန်းကျင်နဲ့အိပ်ရာအသစ်ကြောင့် ရှောင်းကျန့်ပုံမှန်အချိန်ထက်စောပြီးနိုးလာခဲ့သည်။ အလင်းရောင်မရှိတဲ့ကောင်းကင်ကြောင့် ကြည့်ရတာအချိန်တွေကစောသေးပုံပင်။

နံဘေးတွင်လှဲလျောင်းကာအိပ်နေသည့်လူအား ခေတ္တမျှစိုက်ကြည့်ပြီး အိပ်ရာထဲမှထသွားသည်။ လူမသိအောင်ဝယ်လာတဲ့စီးကရက်နဲ့မီးခြစ်ကို ထုတ်ယူလိုက်ကာဝရံတာဘက်သို့ထွက်လာခဲ့သည်။

လေအေးအေးက ရှောင်းကျန့်ရဲ့မျက်နှာအား
ပွတ်တိုက်ကျီစယ်သွားပေမဲ့ အေးတယ်လို့မခံစားရပေ။
ကုန်ခါနီးဆေးလိပ်ကိုလွှင့်ပစ်လိုက်ပြီး လက်နှစ်ဖက်ထဲသို့မျက်နှာဖွက်ထားမိသည်။

" ဟား "

စိတ်ပျက်နေတဲ့သက်ပြင်းချသံက တိတ်ဆိတ်နေတဲ့နေရာထက် ကျယ်လောင်စွာထွက်ပေါ်လာသည်။

" ဘာလို့ဒီလိုတွေဖြစ်လာရတာလဲ "

မိဘဆွေမျိုးတွေမရှိတဲ့သူ့အဖို့ ဒီအချိန်လေးကရွှေထက်အဖိုးတန်တယ်ဆိုတာသိပေမဲ့ သူပိုင်တာတွေမှမဟုတ်တာ သူကဒီအတိုင်းအစားထိုးခံ မဟုတ်ဘူး ခဏတာအလည်လာတဲ့သူတစ်ယောက်သာသာပဲ။

အချိန်တန်ရင်သူကသူ့ကမ္ဘာကိုပြန်ရမယ် ဒါပေမဲ့ သူ့ကမ္ဘာမှာဒီလူတွေကရှိနေမှာလား ?  အထီးကျန်နေတဲ့လူတစ်ယောက်အဖြစ်ပဲဆက်ရှိနေမှာလား ?

အထီးကျန်နေတဲ့လူတစ်ယောက်ပြန်ဖြစ်တာက သိပ်ပြီးကိစ္စမရှိပေမဲ့ သူ့ရဲ့နှလုံးသားကရော ဘာမှအပြစ်မရှိတဲ့သူ့နှလုံးသားကရော။

" တကယ်လို့ မင်းချစ်နေတဲ့သူကကုဇီယီမဟုတ်ဘူးဆိုတာ သိသွားရင်မင်းဘယ်လိုများတုံ့ပြန်မလဲ ဝမ်ရိပေါ်"

ဘေးတစောင်းအိပ်နေသည့်လူရဲ့မျက်နှာအား ဝရံတာတံခါးအဝကနေငေးကြည့်လို့။

" ငါထွက်သွားခဲ့ရင် မင်းရော ... "

ရိပေါ် နိုးလာတော့ ဘေးတစ်ဖက်မှာအိပ်နေသည့်ကို မြင်ရမည့်အစား သေသပ်စွာမီးပူတိုက်ထားသည့် သူ့ရဲ့ဝတ်စုံရှိနေလေသည်။

HAPPY ENDING [ YIZHAN ]Where stories live. Discover now