Episode - 30

1.5K 221 12
                                    

[ သောက်ကျိုးနည်း ဘာကိစ္စမင်းကစိတ်ဆိုးရတာလဲ !]

ရှောင်းကျန့်ရဲ့နေ့ရက်များက ရိုက်ကူးရေးနဲ့ဖြတ်သန်းနေရပြီး မအားလပ်သလို ၊ ရိပေါ်မှာလည်းတိုးချဲ့ရမည့်လုပ်ငန်းကိစ္စများနှင့် မအားလပ်နိုင်အောင်ဖြစ်နေသည်။

အားလပ်သည့်အချိန်နည်းနည်းလေးရသည်နှင့် တစ်ယောက်နဲ့တစ်ယောက်စာပို့ကြတော့သည်။

အလုပ်များနေတဲ့ခင်ပွန်းလေး : ဒီနေ့လည်းနောက်ကျမယ်ထင်တယ်။

"သူဋ္ဌေး ကျွန်တော်တို့ကုဇီယီနဲ့ရိုက်ဖို့စီစဥ်ထားတဲ့ကိစ္စကို ဘယ်အချိန်ထိရွေ့ထားရမလဲ "

"ဆောက်လုပ်ရေးပြီးတဲ့အချိန်ထိ "

" ဟုတ်ကဲ့ "

လက်ထောက်ဖုန်းထွက်သွားသည်နှင့်ဝင်လာသည့်စာကို အမြန်ဖတ်ပြီးစာပြန်ပို့လိုက်သည်။

ကျောက်စိမ်းလိုအလှလေး : ကိုယ်ရောပဲ။

ရှောင်းကျန့် မှတ်ထားသည့်နာမည်နှင့်စာတစ်စောင် ဝင်လာသည့်အခါမျက်လုံးတွေမှိတ်ကျသည်အထိ ရယ်မိတော့သည်။

တစ်ယောက်နှင့်တစ်ယောက်မှတ်ထားသည့်နာမည်တွေက ထူးဆန်းလှပေသည်။

ရိုက်ကူးရေးတွင်ရှောင်းကျန့်မှာ
မသိမသာဖယ်ကျဥ်ခံရသော်လည်း အရေးမလုပ်ခဲ့ပေ။ မိမိပါဝင်ရမည့်ဇာတ်ဝင်ခန်းတွင် ပြောရမည့်စကားများကိုသာမမေ့အောင်ပြန်ဖတ်နေခဲ့သည်။

အတင်းအဖျင်းပြောသည့်စကားများက ဆိုးဆိုးဝါးဝါးမဖြစ်လာသရွေ့ အာရုံမထားဖို့စဥ်းစားထားသည်။

ရိုက်ကူးရေးနေ့ရက်များက သူမှန်းထားသလောက်မဆိုးဝါးသော်လည်း အတော်လေးတော့ပင်ပန်းသည်။

အိမ်သို့ပြန်ရောက်သည်နှင့် ညစာလွတ်ပြီးအိပ်ပျော်သွားသည့် နေ့တွေတောင်ရှိသေးသည်။ မရှိမှန်းသိတဲ့လူကိုတစ်ခါတလေကျိန်ဆဲမိသည်။

"မင်းသာရွှေအဆင့်သရုပ်ဆောင်မဖြစ်ချင်ရင် အခုလိုပင်ပန်းနေမှာမဟုတ်ဘူး !"

ဒါပေမဲ့လည်းတစ်ခုတော့ကောင်းပါတယ်လေ။ ပင်ပန်းနေသည့်တိုင်မိမိကိုဂရုစိုက်ပေးသည့် အလှလေးတစ်ယောက်လုံးရှိနေသည်မဟုတ်လား။

HAPPY ENDING [ YIZHAN ]Where stories live. Discover now