Episode - 7

2.6K 361 19
                                    

[ သူကချောတယ်လေ ]

နံနက်ခင်းမှာရိပေါ်တစ်ယောက် ရှောင်းကျန့်အခန်းထဲကနေထွက်လာမှာကိုစောင့်နေတယ်။

"သခင်ကြီး သွားနှိုးပေးရမလား"

ပုံမှန်ဆိုသခင်လေးကအဲ့လောက်မအိပ်တတ်ပါဘူး။  ဒီရက်ပိုင်းမှတော်တော်ကိုအိပ်နေတာ။

"မလိုဘူး "

ရိပေါ်စိတ်ရှည်စွာနဲ့ဆက်ပြီးစောင့်နေဆဲ။

ခဏကြာတော့ အပေါ်ထပ်ကနေ ဆံပင်ထိုးထိုးထောင်ထောင်နဲ့ဝရုန်းသုန်ကား ပြေးဆင်းလာတဲ့လူတစ်ယောက်။

တလွဲစီဖြစ်နေတဲ့ကြယ်သီးတွေနဲ့အတူ ဇစ်ကိုအတင်းအကြပ်ဆွဲတင်နေတဲ့ဘောင်းဘီ။

"သိပ်မနောက်ကျဘူးမလား "

" မင်း .... ဘာမှမဟုတ်ဘူး သွားမယ်"

' ဇီယီကအရင်အဝတ်အစားတွေမဝတ်တော့ဘူးလား ။ အခုလိုရိုးရိုးရှင်းရှင်းဝတ်တာကပိုကောင်းပါတယ်။ '

ရှောင်းကျန့် ခြေအိတ်ကိုအတင်းစွတ်ကာ
နောက်ကနေလိုက်လာရသည်။ ကားနောက်ခန်းထဲတွင် ရိပေါ်ဘေးနားထိုင်နေပြီး ဆံပင်ပုံစံကိုပြင်နေလေသည်။

ဒရိုင်ဘာဖြစ်သူမှာမေးရိုးပြတ်ကျလုမတတ်။

ရှောင်းကျန့် ဒရိုင်ဘာရဲ့အကြည့်တွေကိုမြင်တော့ ရယ်ပြလိုက်သည်။

' သူအံ့သြတာလည်းမဆန်းပါဘူး။ အရင်ကဇီယီက ကားရှေ့ခန်းမှာပဲထိုင်ပြီး ပြိုးပြိုးပြက်ပြက်
အဝတ်အစားတွေပဲဝတ်ထားတာလေ '

ရှောင်းကျန့် ကားဒရိုင်ဘာအားပြုံးပြပြီး ဘေးရှိလူကိုကြည့်သောအခါ ထခုန်မိမတတ်။

' လူသတ်မယ့်အငွေ့အသက်တွေထိန်းမနိုင်သိမ်းမရပါလား။ မင်းကိုဘယ်သူကရန်စထားမိလို့လဲ '

မျက်မှောင်ကြုံ့နေတဲ့ရိပေါ်နဖူးထက် လက်တင်လိုက်သောအခါ ပြေလျော့သွားသည့်မျက်ခုံးနှင့် သူ့အားလှည့်ကြည့်လာလေသည်။

" ခေါင်းကိုက်နေတယ်ထင်လို့ အဖျားရှိလို့လားဆိုပြီးစမ်းကြည့်တာ မနက်စောစောစိတ်ကြည်ကြည်လေးနေပါ မဟုတ်ရင်မင်းအသက်တိုလိမ့်မယ်"

HAPPY ENDING [ YIZHAN ]Where stories live. Discover now