Episode - 34

1.4K 200 14
                                    

[ မင်းတို့ကမဟုတ်သေးပါဘူးကွာ ]

အိပ်နေရင်းပူလာတယ်လို့ ခံစားရပြီးတဲ့နောက်မှာတော့ ရှောင်းကျန့်နိုးလာခဲ့သည်။

" ဘာလို့ပူနေရတာလဲ စောင်လည်းမခြုံထားမိပါဘူး "

အိပ်ရာကထမည်လုပ်တော့ ထလို့မရပေ။ ခါးကိုမြဲမြံစွာဖက်ထားသည့် လက်တစ်ဖက်ကြောင့်ဖြစ်နိုင်သည်။

" ? "

ဖက်ထားသည့်လူကိုကြည့်မိတော့ မျက်လုံးတောင်မပွင့်သေး ၊ သို့ပေသိမျက်ခမ်းစပ်တွေကတော့နီရဲနေလေသည်။ မျက်လုံးကစားကြည့်တော့ အိမ်ကိုပြန်ရောက်နေတာမဟုတ်ဘဲ ဟိုတယ်ကိုရောက်နေတယ်လို့ထင်မိသည်။

" ရိပေါ် မင်းအလုပ်မသွားဘူးလား "

ပါးကိုခပ်ဖွဖွပုတ်ကာနှိုးတော့ မျက်လုံးတစ်ဖက်ပွင့်လာပြီး လူကိုဖက်လို့ လည်ပင်းနားတိုးဝှေ့ကာပြန်အိပ်သွားတော့သည်။

ရှောင်းကျန့် : (・_・;)

'ဘာထဖြစ်တာလဲ ဇာတ်လိုက်ရေ
မင်းဘယ်တုန်းကအပျင်းစကြီးသွားတာလဲ !'

• ဝတ္ထုကမ္ဘာဆိုပေမဲ့သူတို့ကလည်း အသွေးအသားနဲ့ဖြစ်တည်နေတဲ့လူတွေပါပဲ။ လူဆိုတာပြောင်းလဲလွယ်ပါတယ်။ •

'မင်းအရမ်းသဘောကောင်းနေတယ်လို့ခံစားရတယ်။ ဇာတ်သိမ်းရောက်ခါနီးနေပြီမို့လို့လား ?'

• Shutting Down •

' စိတ်ကြီးလိုက်တာ '

အိပ်ပျော်နေတဲ့လူရဲ့ဆံပင်ကိုထိုးဖွကာပွတ်သပ်ရင်း မနက်ခင်းစည်းစိမ်ခံစားနေသည်။ အလှလေးတွေကြောင့်ပြည်ပျက်ရတယ်။ ငါကတော့ကိုယ်ကျင့်တရားတွေ ကျိုးပေါက်ချင်နေတော့တာပဲ။

ပူနေတယ်လို့ခံစားရတာတွေကလည်း ဘယ်ဆီကိုလွင့်သွားမှန်းမသိတော့ချေ။
အိပ်ရာထဲပြန်လှဲနေရင်းပြန်အိပ်ပျော်သွားတော့သည်။

စည်းချက်ကျတဲ့အသက်ရှုသံကိုနားထောင်ရင်း ရိပေါ်နိုးလာခဲ့သည်။ ရှုပ်ထွေးနေတဲ့ဆံပင်နဲ့ လိပ်တက်နေတဲ့အင်္ကျီတွေ။ လက်ကောက်ဝတ်သေးသွယ်သွယ်နဲ့ ခါးကောက်ကြောင်းကိုမြင်ပြီး ရိပေါ်ရေချိုးခန်းထဲဝင်သွားတော့သည်။

HAPPY ENDING [ YIZHAN ]Where stories live. Discover now