Episode - 24

2K 299 27
                                    

[ ရွှမ်လီမုန့်ကဘာလို့ ၊ ဘာအကြောင်းအရင်းမှမရှိဘဲ ]

ရှောင်းကျန့် ထိုးကိုက်နေတဲ့ခေါင်းကိုဖိကိုင်ရင်း နိုးလာခဲ့သည်။
သူမနေ့ကသောက်နေတာ သောက်ပြီးဘာဆက်ဖြစ်သွားလဲ မမှတ်မိတော့။ ဘေးသို့ကြည့်မိတော့ အဝတ်ကပိုကရိုဖြင့်အိပ်နေသည့် လူကိုတွေ့တော့ မျက်လုံးမှာကျွတ်ထွက်မတတ်ပြူးကျယ်လာလေသည်။

သေချာကြည့်မိမှ အိပ်နေသောသူရဲ့လည်ပင်းနှင့်ညှပ်ရိုးတွင် ကိုက်ရာ ၊ အနမ်းအမှတ်အသားများကို
တွေ့လိုက်သည့်အခါမှာတော့။

ရှောင်းကျန့် : ငြိမ်းချမ်းစွာသေဆုံးလို့ရပါပြီ 〜( ~_~ )〜

" ငါဘာတွေလုပ်ထားတာလဲ "

တစ်ယောက်တည်း အရက်ကိုအလွန်အကျွံထိသောက်ဖူးပေမဲ့ သူ့တွင်အကျင့်ဆိုးရှိမရှိကိုတော့မသိပေ။ ဘာကြောင့်လဲဆိုသူက အမြဲတမ်းတစ်ယောက်တည်းဖြစ်နေသောကြောင့်။

'ငါ့စိတ်ငါမထိန်းနိုင်ဘဲ သူ့ကိုငါ့အောက်ဆွဲသွင်းမိလိုက်တာလား !?'

ရှောင်းကျန့်တစ်ယောက်တည်းကမ္ဘာပျက်နေသည့်အချိန်တွင် ရိပေါ်အိပ်ရာမှနိုးလာခဲ့သည်။ ညအိပ်ဝတ်စုံမှာကြယ်သီးတွေပြုတ်ကာ ပုခုံးတစ်ဖက်ပေါ်နေတာကြောင့် တောင့်တင်းချောမွတ်သောပုခုံး ၊ ဖြူဖွေးသောရင်ဘတ် ၊  အထစ်ထစ်ရှိသောဗိုက်ကြွက်သားတွေက အထင်းသားလှစ်ဟပြနေသည်။

ရှောင်းကျန့်သွားရည်မကျရုံတမယ်ပင်။ ရိပေါ်အင်္ကျီကိုပြန်ဆွဲစိမည်အလုပ် နံဘေးကစူးရှတဲ့အကြည့်တွေကိုမြင်တော့။

" ဒီလိုမျိုးကိုကြိုက်တာလား ? တောင်းပန်ပါတယ်။  ကိုယ်အခုတော့မပြနိုင်သေးဘူး "

ရိပေါ်ပြုံးရယ်ကာ စနောက်လိုက်ပြီး
ရေချိုးခန်းထဲဝင်သွားတော့သည်။

' အမ် သူဘာပြောသွားတာလဲ ? ဒီလိုမျိုးကိုကြိုက်တာလား ?? အား !!!'

"ငါ့ရဲ့မရှိတဲ့သိက္ခာလေးကတော့ရေမျောသွားရှာပြီ "

ရိပေါ်ပြင်ဆင်ပြီးဆင်းလာသည့်အချိန်တွင် မနက်စာစားဖို့စောင့်နေသည့်လူကိုတွေ့ရသည်။

HAPPY ENDING [ YIZHAN ]Hikayelerin yaşadığı yer. Şimdi keşfedin