Episode - 26

1.7K 232 7
                                    

[ မေ့လျော့ခံဇာတ်ကောင်က
မိခင်စာရေးဆရာအားပုန်ကန်ခြင်း - ၁]

A နိုင်ငံမှာအောင်မြင်သည့်
လက်နက်ရောင်းဝယ်ဖောက်ကားသည့် ဂိုဏ်းတစ်ဂိုဏ်းဖြစ်သည့် Blue။ အင်အားကြီးနိုင်ငံများကိုလက်နက်ရောင်းသလို ၊ နိုင်ငံတိုင်းရဲ့စစ်တပ်များ၏အရာရှိများနှင့်လည်း ရင်းနှီးလေသည်။

ထိုဂိုဏ်းကိုထူထောင်ခဲ့မှာနှစ်သုံးဆယ်ကြာခဲ့ပြီဖြစ်ပြီး လက်ရှိဦးဆောင်နေသည့်သူမှာလေဒီယာကလော့စ် ဖြစ်သည်။

အနောက်တိုင်းသူဖြစ်တာကြောင့် မျက်နှာကျကလေးထောင့်ဆန်ကာ ပြာလဲ့သောမျက်ဝန်းများကို ဖခင်ဖြစ်သူထံမှအမွေရထားလေသည်။

အသားအရည်မှာစက္ကူတစ်စနှယ်ဖြူစုတ်နေသော်ငြားလည်း များပြားလှသောအမာရွတ်များက တစ်ကိုယ်လုံးအပြည့်ရှိနေကာ ထိုအရာကပင်သူမရဲ့ဆွဲဆောင်မှုတစ်ခုနှယ်။

မိန်းကလေးတန်မဲ့အရပ်မှာ၁၉၀စင်တီမီတာထိ ရှည်လျားတာကြောင့် အမြဲယောကျာ်းလေးလို့ အထင်မှားခံရသည်။

ဂိုဏ်းကိုလက်လွှဲယူရသည့်အချိန်ကစပြီး လေဒီယာရဲ့အပြုံးကပိုပြီးတောက်ပလာသည်။ သူမကအန္တရာယ်တွေကြားထဲရှင်သန်ရတာကို အတော်လေးခုံမင်နေသည့်သူဖြစ်သည်။

သို့သော်တရုတ်နိုင်ငံနှင့်အရောင်းအဝယ်လုပ်သည့်အချိန်တွင် တွေ့လိုက်ရသည့်အရာရှိဗိုလ်တစ်ယောက်ကို မျက်စိကျသွားခဲ့သည်။

အေးတိအေးစက်မျက်နှာထားနဲ့ ပြတ်သားလှသည့်အကြည့်တွေကို စွဲလမ်းမိတာဖြစ်နိုင်သည်။
ကမ်းလှမ်းသည့်စစ်ဆင်ရေးတစ်ခုတွင် ထိုသူပါတာကြောင့်ပျော်ရွှင်စွာလက်ခံခဲ့သည်။

အဖြစ်အပျက်များကလျင်လျင်မြန်မြန်ဖြစ်သွားခဲ့သည်။ နှစ်ဝက်ကြာစစ်ဆင်ရေးအတွင်း သူမထိုသူနဲ့ချစ်သူဖြစ်ခဲ့သည်။

ခေါင်းမာပြီးရှေးရိုးဆန်သည့်ထိုသူရဲ့စကားများကို လေဒီယာဘယ်တော့မှပယ်ရှားခြင်းမရှိခဲ့ပေ။

" မင်းရဲ့အလုပ်ကိုဖျက်သိမ်းလိုက်တော့ "

"ကောင်းပြီ အချစ်"

HAPPY ENDING [ YIZHAN ]Where stories live. Discover now