Episode - 8

2.4K 355 10
                                    

[ ကုဇီယီရဲ့ညီဖြစ်သူ ကုနန် ]

ရှောင်းကျန့် လီမုန့်ကို အားရအောင်ပြောပြီးနောက် ရုံးခန်းထဲသို့ပြန်လာခဲ့သည်။

'ငါပြောတာမှားတာကျလို့ ဇာတ်လိုက်ထက်ချောတဲ့လူရှိနိုင်သေးလို့လား ?'

မနက်စာအတူတူစားမယ်ဆိုပြီး
စောင့်နေတဲ့ရိပေါ်ကိုမတွေ့ရတော့ ရှောင်းကျန့်မျက်လုံးကန်းလုမတတ်လိုက်ရှာနေရင်း မနေနိုင်သည့်လက်ထောက်လေးက
အပြေးအလွှားရောက်လာလို့။

" သူဋ္ဌေး အလုပ်ကိစ္စနဲ့အပြင်ထွက်သွားတာကြာပါပြီ "

'တကယ်ဆိုသူဋ္ဌေးဒေါကန်ပြီးထွက်သွားတာဗျ ကြောက်ဖို့တောင်ကောင်းတယ် !'

လက်ထောက်လေးပြောသည်ကိုခေါင်းညိမ့်လို့ အသိအမှတ်ပြုပြီး ကုမ္ပဏီထဲမှထွက်လာခဲ့သည်။ အပြင်ဘက်သို့ရောက်မှ။

" ငါကဘယ်လိုပြန်ရတော့မလဲ နေစမ်းပါဦး။ ကဒ်တွေဘာတွေပါလာသေးလား မှန်းစမ်း"

ပါသမျှအိတ်ကပ်မှန်သမျှလိုက်စမ်းပြီးတဲ့အခါမှာတော့ ။

" တယ်ကံကောင်းတဲ့ငါပါလား ခြူးတစ်ပြားမှကိုမရှိဘူး ╮(╯▽╰)╭"

ဆာလောင်နေသည့်ဗိုက်မှာ မကြာခဏဆိုသလိုဆန္ဒပြနေလေရာ။

" မင်းပဲဆာနေလိုက် "

စိတ်ရှုပ်ရှုပ်နဲ့ ဆံပင်တွေအားထိုးဖွရင်း
လမ်းလျှောက်ပြန်ဖို့ပဲဆုံးဖြတ်လိုက်တော့သည်။

နေကာမျက်မှန်အကြီးကသူ့ရဲ့မျက်နှာတစ်ဝက်ကို
ကာကွယ်ပေးထားလို့ တော်သေးသည်။ မဟုတ်လျှင်နာမည်ကြီးမော်ဒယ်တစ်ယောက် ပိုက်ဆံမရှိသောကြောင့် အိမ်သို့လမ်းလျှောက်ပြန်နေသည့်ပုံစံဆိုပြီး သတင်းစာမှာခေါင်းစဥ်ကြီးကြီးနှင့်ပါတော့မည်ဖြစ်သည်။

နေကတဖြည်းဖြည်းမြင့်လာသလို လမ်းတွေမသိသောရှောင်းကျန့်မှာလည်း ခေါင်းနောက်လာတော့သည်။

" အိမ်ကိုတော့သိပါရဲ့ ငါအခုဘယ်နားကိုရောက်နေတာလဲမမှတ်မိတော့ဘူး"

လူအများထိုင်ရန် အစိုးရကစီစဥ်ပေးထားသော သစ်ပင်ဝိုင်းရှိထိုင်ခုံတွင်ထိုင်နေရင်း အိမ်ပြန်လမ်းကိုတွက်ချက်နေတော့သည်။ ပူလောင်သောနေကြောင့် အင်္ကျီစအားလေရအောင်
ကိုယ်မှာခွာလိုက်ကပ်လိုက်လုပ်နေသည်။

HAPPY ENDING [ YIZHAN ]Where stories live. Discover now