Episode - 25

1.8K 282 16
                                    

[ Error ၊ ဝေပေါ်ကအတင်းအဖျင်းကောမန့်များ ]

ရှောင်းကျန့်သတိရလာသည့်အချိန်တွင် သူဟာဆေးရုံကုတင်မှာလဲနေလျက်သားဖြစ်သည်။
ကုတင်ထက်မှထတော့ နံဘေးတွင်ရှိနေသည့်လူက သူ့အားထူပေးလေသည်။

'နေပါဦး ငါကအကောင်းကြီးပါ။ ထူစရာမလို ..... ဟမ်'

ကုနန်ကထိုင်ဖို့ပြင်ပေးပြီးသည့်အချိန်တွင် ရှောင်းကျန့်မှာနားမလည်နိုင်ဖြစ်နေရသည်။

' ငါ့ခန္ဓာကိုယ်ကအားတစ်စက်မှမရှိတော့သလို ဘာလို့ခံစားနေရတာလဲ။ ဒါနဲ့တစ်ခုခုကိုမေ့နေသလို လီမုန့် !'

" ကုနန် လီမုန့်ရောသူအဆင်ပြေလား "

ကုနန် အဓိပ္ပါယ်ဖော်ရခက်သည့်မျက်နှာထားဖြင့်။

" ဘာဖြစ်လို့လဲ အကို့ ကို လီမုန့်ဆီခေါ်သွားပေး။ ဟုတ်ပြီလား "

ကုနန်ခေါင်းညိမ့်လိုက်ပြီးရှောင်းကျန့်အား လီမုန့်ရှိသည့်အခန်းထဲသို့ခေါ်သွားလိုက်သည်။ သို့သော်အခန်းထဲတွင်လီမုန့်ရှိမနေ။ သူ့အစားနံရံကိုမှီလျက်လက်ပိုက်ကာရပ်နေသော ယောကျာ်းလေးတစ်ယောက် အာ မိန်းကလေးလား ?
Formal ဝတ်စုံအနက်ကိုမှလျော့ရဲနေသည့်ရှပ်အင်္ကျီကို ဝတ်ဆင်ထားကာ ရှည်လျားသည့်ဆံပင်များကလည်း လှန်တင်ထားခြင်းခံရလေသည်။

• Final Boss ! Final Boss ! Final Boss ! •

System ရဲ့စက်ရုပ်အသံက ခြောက်ခြားဖွယ်ထွက်ပေါ်လာသည်။
ထိုမိန်းကလေးမျက်လုံးပင့်အကြည့်မှာ ညင်သာမှုတစ်စွန်းတစ်စကိုမြင်လိုက်ရသလို သို့ပေမဲ့မိမိထံအကြည့်ရောက်လာသည့်အချိန်တွင် အသက်ရှုရကြပ်လာသည်။

မြွေတစ်ကောင်ကမိမိရဲ့လည်ပင်းကို
ရစ်ပတ်ထားသည့်အလား ထို့အတူ အပြာရောင်မျက်လုံးတွေကရေခဲတမျှအေးစက်လျှက်။

• Final Boss ကအထိန်းအချုပ်မဲ့နေပါပြီ --------- Error Error ------ Error ------ Error •

System ရဲ့ သွေးရူးသွေးတန်းပြောနေသည့်စကားသံများက ပျော​က်ရှသွားပြီး Error ဆိုတဲ့စာတန်းတွေပဲကြားနေရတော့သည်။

ပြန်ပြီးစိုက်ကြည့်မိသည့်တခဏ အရာအားလုံးကရပ်တန့်သွားသယောင်။
လီမုန့်အကြောင်းမေးချင်ပါသော်လည်း ပါးစပ်ကအာစေးမိထားသလိုဘာသံမှထွက်မလာပေ။

HAPPY ENDING [ YIZHAN ]Where stories live. Discover now