Episode - 2

3.9K 453 12
                                    

[ အသိတရားရသွားသောသားဖြစ်သူ ]

ခမ်းနားလှသောအိမ်တော်တစ်ခုရဲ့အဝင်ဝမှာ ကားလေးကရပ်တန့်သွားပြီး စောင့်ကြိုနေတဲ့အစေခံတွေက ကားတံခါးကိုဖွင့်ပေးလာတယ်။ ဒီဝတ္ထုရဲ့ဇာတ်လိုက်ဖြစ်တဲ့ဝမ်ရိပေါ်က ကြောင်ကိုကလေးလိုပွေ့ချီပြီး ကားပေါ်ကနေဆင်းသွားလေသည်။

ဒီလောကထဲရောက်တာသိပ်မကြာသေးတဲ့ ရှောင်းကျန့်ခမျာ ရိပေါ်​နောက်ကနေကပ်လိုက်လာတယ်။

အိမ်ထိန်းလို့ထင်မှတ်ရတဲ့ အသက်အရွယ်ရနေတဲ့လူတစ်ယောက်က သူတို့ကိုနှုတ်ဆက်လာသည်။

"သခင်ကြီးနဲ့သခင်လေးဝမ်တို့ ပြန်လာပါပြီလား"

ရိပေါ်က ထိုသူရဲ့ကြိုဆိုတဲ့စကားသံကို ခေါင်းငြိမ့်ပြီး ဒုတိယထပ်တွင်ရှိသော အခန်းထဲသို့သွားလေသည်။ ရှောင်းကျန့်ကတော့ထိုသူအားပြုံးပြလို့ လိုက်သွားလိုက်ဦးမယ်ဆိုပြီး ရိပေါ်ကိုလက်ညှိုးထိုးပြလေသည်။

အိမ်ထိန်းခမျာတပ်ထားတဲ့မျက်မှန်ပြုတ်ကျမတတ်ပင်။

ငြိမ်ငြိမ်ဆိမ်ဆိမ် သခင်ကြီးနောက်လိုက်သွားတဲ့ ရှောင်းကျန့်ကိုမယုံကြည်နိုင်ဖြစ်နေသည်။

အရင်ကသူ့ကိုသခင်လေးဝမ်လို့ခေါ်ရင် သခင်ကြီးရှိသည်မရှိသည်ကိုဂရုမစိုက်ဘဲ ပစ္စည်းတွေရိုက်ခွဲကာဖြင့် ထပ်ပြီးမခေါ်ဖို့တားမြစ်သည်။

သူ့အားပြုံးပြဖို့ဆိုဝေးစွ  အမြဲတစေမျက်ထောင့်နီဖြင့်ကြည့်နေခြင်းဖြစ်သည်။

မဟုတ်မှ သခင်လေးဝမ်ကသခင်ကြီးကိုချစ်သွားလို့ အကျင့်တွေပြင်လိုက်တာများလား ?

ရှောင်းကျန့် ရိပေါ်ဝင်သောအခန်းထဲသို့လိုက်ဝင်လာပြီး လန်းဆန်းအောင်ရေချိုးဖို့အတွက် ရေချိုးခန်းထဲဝင်သွားလေသည်။ အပြင်တွင်ဟိုတစ်စဒီတစ်စချွတ်ခဲ့တဲ့ အင်္ကျီတွေအား ရိပေါ်မနှစ်မြို့သလိုကြည့်သည်။

ဇီယီ မင်းဘာအချိုးတွေချိုးနေတာလဲ !?

ပိုက်ဆံရှိသောအိမ်တော်တစ်ခုဖြစ်သည့်အတွက် ရေချိုးခန်းထဲတွင် အပန်းဖြေနိုင်ဖို့တီဗွီပါပါရှိလေသည်။

HAPPY ENDING [ YIZHAN ]Where stories live. Discover now