Episode - 13

2.1K 328 8
                                    

[ ကုဇီယီရဲ့မန်နေဂျာ ]

စောစောနိုးလေ့ရှိသောရိပေါ်မှာ ဒီနေ့တွင်နောက်ကျစွာနိုးထလာခဲ့သည်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတာကြောင့်ဖြစ်နိုင်သလို ၊ နံဘေးတွင်လဲလျောင်းနေသောသူကြောင့်လည်းဖြစ်နိုင် ....

ရိပေါ်တွေးနေရင်းမျက်လုံးဖွင့်ကြည့်တော့ မိမိအားမေးထောက်ကာကြည့်နေသောသူကြောင့် စိတ်ထဲတွင်လန့်သွားလေသည်။

" နိုးလာပြီလား မင်းထတာတစ်နာရီတောင်နောက်ကျတယ်။ ခုနှစ်နာရီထိုးနေပြီ။ လက်ထောက်ဖုန်းက ဖုန်းဆက်တယ်။ တော်သေးတယ် ချိန်းဆိုတဲ့သူကရောက်မလာဘူးတဲ့ အဲ့ဒါနဲ့ငါမင်းအလုပ်ကိုလာဖို့နောက်ကျမယ်ဆိုတာ ပြောလိုက်တယ် ဘယ်လိုလဲ ငါတော်လား"

ချီးကျူးခံချင်တဲ့ရှောင်းကျန့်မှာ ရိပေါ်အားပြုံးပြနေလေသည်။

သတိလက်လွတ်ဖြင့်ငေးကြည့်နေရင်းနဲ့မှ အိပ်ရာထက်မှထကာမိမိအခန်းထဲသို့ပြန်သွားတော့သည်။

" နေ့ရက်တိုင်းသာဒီလိုဖြစ်နေမယ်ဆိုရင် ဘယ်လောက်ပဲနာကျင်ရပါစေ နောင်တရမှာမဟုတ်ဘူး။ "

အလုပ်သွားဖို့ပြင်ဆင်ပြီး မနက်စာစားဖို့အောက်ထပ်သို့ဆင်းလာခဲ့သည်။
အဆင်သင့်ဖြစ်နေတဲ့ထမင်းဝိုင်းနဲ့ စောင့်ဆိုင်းနေတဲ့လူတစ်ယောက်။

" ဒီနေ့ငါ ငါးဆန်ပြုတ်ပြုတ်ခိုင်းထားတာ စားကြည့်ဦး"

တကယ်ဆိုကိုယ်တိုင်ချက်ချင်တာ အိမ်တော်ထိန်းလီရဲ့ငိုတော့မတတ်အကြည့်တွေကို မခံစားနိုင်လို့ဝင်မချက်ဖြစ်တာ (╯︵╰,)

" အင်း "

ရိပေါ်စားနေသည့်ပုံစံကိုကြည့်ပြီး။

'ဇာတ်လိုက်ဆိုတဲ့အတိုင်းပဲ ဘာလုပ်လုပ်ကြည့်ကောင်းနေတော့တာပဲ (灬♥ω♥灬)'

"ပြောစရာရှိလို့လား "

"မရှိဘူး မရှိဘူး။ နေ့လည်ကျရင်ထမင်းဘူးလာပို့ပေးမယ် အဲ့တော့မှပြောမယ် "

ရိပေါ်အံ့ဩသွားသော်လည်း မျက်လွှာကိုအသာချလို့ ဆန်ပြုတ်ကိုပဲဆက်သောက်နေခဲ့သည်။

HAPPY ENDING [ YIZHAN ]Where stories live. Discover now