Episode - 32

1.3K 208 6
                                    

[ အဓိကက အဓိကပဲမလား ? ]

ရိုက်ကူးရေးလုပ်နေစဥ်အချိန်အတွင်း
ရှောင်းကျန့်နဲ့လီမုန့်ပါဝင်ထားသည့် Pet Showကိုပြသလာခဲ့သည်။ ကြည့်ရှုနှုန်းကခန့်မှန်းထားသည်ထက်ပိုမြင့်လာခဲ့သည်။

ကုနန်အားဝမ်းသာစွာဖုန်းဆက်လာသည့် ဒါရိုက်တာရဲ့ဖုန်းခေါ်ဆိုမှုကို အဆုံးသတ်ပြီးတဲ့နောက်တွင် နာနေသောဂုတ်ပိုးအားလက်ဖြင့်နှိပ်နယ်နေသည်။

အိမ်သို့ဘယ်လိုပြန်ရောက်လာလဲမမှတ်မိ အမေဖြစ်သူကိုမေးတော့မိန်းကလေးတစ်ယောက်က လာပြန်ပို့သွားတယ်လို့ပဲဖြေသည်။

" နွီအာကအတော်လေးကိုအကျင့်မကောင်းတာပဲ "

ကုနန်ခေါင်းခါလိုက်ကာ အလုပ်ကိုသာပြန်ပြီးအာရုံစိုက်နေသော်လည်း။

" မဟုတ်သေးပါဘူး ပထမဆုံးတွေ့တဲ့ကိစ္စကို ဘာလို့မေ့အောင်ရိုက်ရတာလဲ"

---------------------

" ဟတ်ချိုး "

မင်သေသေမျက်နှာဖြင့် အစည်းအဝေးလုပ်နေသောKingမှာ နှာထချေတော့သည်။ လျှို့ဝှက်ချိန်းဆိုမှုဖြစ်ပြီး အလွန်အရေးပါသည့်ကိစ္စကြောင့် ဖိအားများနေသောခေါင်းဆောင်များမှာ နှာချေသံကြောင့်လှည့်ကြည့်ကြသည်။

"( ဆက်ပြော ) "

နားကြားမှားတာနေမှာပါလေ။

-----------------------

ရိုက်ကူးရေးပြီးသွားတာကြောင့် ရှောင်းကျန့်မှာနားရက်ရနေသော်လည်း ကြာကြာမနားရဘဲ သရုပ်ဆောင်အရည်အချင်းတိုးတက်အောင် ဇာတ်ကားတွေကြည့်လိုက် ၊ သင်တန်းတွေတက်လိုက်ဖြင့် အတော်လေးအလုပ်ရှုပ်နေသော်လည်း လူတစ်ယောက်ကိုနေ့လည်စာကျွေးဖို့တော့ ဘယ်တော့မှမမေ့ပေ။

အချိန်တွေကအဆင်ပြေစွာလည်ပတ်နေသည့်အခါ ရှောင်းကျန့် စိတ်မသန့်သလိုခံစားလာရသည်။

"အရာအားလုံးကအဆင်ပြေလွန်းနေရင်လည်း အန္တရာယ်များတတ်တယ်"

ရှောင်းကျန့်လက်ထဲကဂစ်တာကိုတီးခတ်ရင်း အတွေးတွေကတောင်စဥ်ရေမရဖြစ်နေသည်။

HAPPY ENDING [ YIZHAN ]Where stories live. Discover now