Episode - 15

2.2K 322 17
                                    

[ ငါ့အကိုကိုဘယ်သူထိရဲလဲ , ငါထိရဲတယ်။  ]

~ တစ်ခါနမ်းရင် တစ်ခါနမ်းရင် ပါးကိုတစ်ခါနမ်းရင် ......... ~

ရိပေါ်ရဲ့ရုပ်ခန္ဓာကိုယ်မှာအလုပ်လုပ်နေပါသော်လည်း စိတ်ထဲနှင့်ခေါင်းထဲတွင်တော့ စကားတစ်ခွန်းကိုသာကြားနေရသည်။

မီတင်ခန်းထဲရှိလူများကတော့ နဖူးကချွေးခြေမထိကျအောင် ကြောက်လန့်နေကြသည်။ ရှင်းပြနေသည့်အကြောင်းအရာကို သူဋ္ဌေးကမကြိုက်လို့မျက်နှာတည်နဲ့ စိုက်ကြည့်နေတာလား။

လေအေးပေးစက်သာမရှိရင်သူတို့ရေချိုးနေသလို ချွေးတွေစိုရွဲနေမှာကျိန်းသေပင်။

" သူဋ္ဌေးဝမ် ကျွန်တော့်ရဲ့သုံးသပ်ချက်ကိုဘယ်လိုသဘောရပါသလဲ"

မေးသာမေးလိုက်ရတယ် သူ့ခမျာဒူးတုန်အောင်ကြောက်နေဆဲပင်။

" ပါးကိုတစ်ခါနမ်းရင် ~ "

တိတ်ဆိတ်နေတဲ့အခန်းက အခုတော့အသက်ရှုသံကိုတောင် မကြားရတော့ပေ။ လေ​အေးပေးစက်ရဲ့​အေးစက်စက်အသံကသာ အခန်းထဲပဲ့တင်နေလေသည်။

စကားမှားသွားမှန်းအခုမှသိသွားသောရိပေါ်မှာ သတိဝင်လာရတော့သည်။

" ထပ်ပြီးပြင်ဆင်ထားလိုက် အစည်းအဝေးပြီးပြီ "

ခုံပေါ်မှထကာခြေလှမ်းကျဲကျဲဖြင့် အခန်းထဲမှထွက်သွားလေသည်။

လက်ထောက်ဖုန်းနှင့်ကျန်ခဲ့သောသူများ : ( º _ º ) ・・・

ကားနောက်ခန်းထဲကလူကို လင်ရှောက် မှန်ထဲကနေကြည့်ပြီး မနေနိုင်စွာဖြင့်မေးလိုက်တော့သည်။

" ပျော်စရာတစ်ခုခုကြုံခဲ့ရလို့လား "

ရှောင်းကျန့် အတောမသတ်နိုင်သည့်အပြုံးကိုချိတ်ဆွဲရင်း ပြန်ဖြေသည်။

" အင်း အရမ်းကိုပျော်စရာ "

လွန်ခဲ့သောမိနစ်များစွာက။

" ပါးကိုတစ်ခါနမ်းရင် "

ရှောင်းကျန့် ဇာတ်လိုက်ဘယ်လိုတုံ့ပြန်မလဲဆိုတာကို အတော်လေးစိတ်ဝင်စားနေသည်။ ကြက်သေသေနေသောရိပေါ်မှာလည်း ဘာလုပ်ရမှန်းမသိတော့ပေ။

HAPPY ENDING [ YIZHAN ]Where stories live. Discover now