Episode - 14

2.1K 323 12
                                    

[ နေ့လည်စားချင်လား ? ၊ ပါးကိုလာနမ်း ]

" အဖေ အင်တာတိန်းမန့်ကစားဖိုဆောင်ကို သားခဏသုံးလို့ရမလား"

" ဘာလုပ်မလို့လဲ "

" ရိပေါ်အတွက်နေ့လည်စာလုပ်ပေးမလို့ "

"သားကဟင်းချက်တတ်လို့လား "

"ကြက်ဥကြော်လောက်တော့ရပါတယ် အဟင်း"

အင်တာကွန်းမှတစ်ဆင့် စားဖိုဆောင်အားပါးပါးကုအားကိုးဖြင့် ငှားလိုက်တော့သည်။ အနားတွင်အရိပ်လိုရှိနေသည့်မန်နေဂျာအား အထဲထိဝင်မလာနိုင်အောင် တံခါးအားလော့ခ်ချထားလိုက်သည်။

စုံလင်နေသည့်ဟင်းအမယ်တွေကိုကြည့်ပြီး ရှောင်းကျန့်ဟင်းချက်ရမည်ကိုစိတ်အားထက်သန်လာသည်။

"နေ့လည်စာဆိုတော့ ဆီများတာတွေမချက်တာကောင်းပါတယ်။"

ဝက်သုံးထပ်သားကိုပါးပါးလေးတွေလှီးကာ ၊ အနေတော်အရွယ်ပိုင်းဖြတ်ထားသည့် ငရုတ်ပွစိမ်းတွေဖြင့်ကြော်ကာ ပဲငံပြာရည်နည်းနည်းလောင်းထည့်လို့ အရသာမှုန့်တွေကိုလိုသလိုထည့်ကာ မီးဖိုပေါ်တင်ကာနှပ်ထားသည်။

ပွက်ပွက်ဆူနေပြီဖြစ်တဲ့တို့ဖူးဟင်းချိုထဲသို့ လှီးဖြတ်ထားသည့်အရွက်များကိုထည့်ပြီး အရသာကိုမြည်းနေသည်။

" အင်း မဆိုးပါဘူး။"

နုပ်နုပ်စဥ်းကာအရသာနယ်ထားသည့်ပုဇွန်အသားများကို ဖက်ထုပ်ထဲအစာသွပ်လို့ပေါင်းထားလိုက်ပြီး နောက်ဆုံးကျန်သည့်မှိုဟင်းကိုချက်ရန် ပြင်ဆင်နေသည်။

" ဦးလေး ထမင်းဘူးအလွတ်ရှိလား "

ပါးစပ်အဟောင်းသားဖြင့်ရပ်နေသည့်စားဖိုမှူးကို ဟင်းတွေထည့်ဖို့အတွက်မေးတော့။

" ရှိတယ် ရှိတယ် ဒီမှာ "

သင်းပျံ့နေသည့်ဟင်းရနံ့က နွေးထွေးတဲ့အိမ်ထဲ ထမင်းလက်ဆုံစားနေသည့်မိသားစုလို ခံစားရစေသည်။

ရှောင်းကျန့်ချက်ထားပြီးသမျှကိုထုပ်ပိုးလို့ စားဖိုဆောင်မှထွက်လာတော့ မန်နေဂျာနဲ့ပါးပါးကုမှာ ကျန်နေသည့်ဟင်းများကိုထုပ်ပိုးကာယူသွားတော့သည်။

HAPPY ENDING [ YIZHAN ]Kde žijí příběhy. Začni objevovat