Episode - 1

11.8K 521 22
                                    

Reminder : Don't forget to read story description !!

ဇီယီဟာ နားမလည်နိုင်စွာပဲ လောကကြီးက ထွက်သွားခဲ့ရတယ်။

အဲ့ဒီအပြင်သူဟာ မကောင်းတဲ့လူ တစ်ယောက်ကိုချစ်ခဲ့မိတယ်။
ပြီးတော့ အချစ်ဆုံးသူငယ်ချင်းရဲ့ သစ္စာဖောက်ခြင်းကိုလည်းခံခဲ့ရသေးတယ်။

အဲ့ကိစ္စ​တွေကြောင့် စီးပွားရေးအရ လက်ထပ်ထားတဲ့ သူ့ယောကျာ်း ဝမ်ရိပေါ်​ဖြစ်သူနဲ့ပြတ်စဲခဲ့ရတယ်။

"ကျစ် အဲ့ဒီသူငယ်ချင်းက
တော်တော်မကောင်းတာပဲ"

"ငါသာဆိုရင် ဒီလူတွေကိုအကုန်မီးကင်ပစ်မယ်"

ရှောင်းကျန့် ဝတ္ထုဖတ်နေရင်း မကျေမချမ်းတွေဖြစ်လာရသည်။ တော်တော်သနားဖို့ကောင်းပြီး အလည်းအတဲ့ဇီယီ။

ဖတ်လတ်စစာအုပ်ကိုဘေးခဏချကာဖြင့် ရေခရားထဲကရေငှဲ့သောက်နေရင်း စာအုပ်ထဲမှလက်တစ်ဖက်ထွက်လာကာ ရှောင်းကျန့်ကိုဆွဲခေါ်သွားလေသည်။

ဝတ္ထုကမ္ဘာမှကြိုဆိုပါတယ်။ ပျော်ရွှင်ဖွယ်ဇာတ်သိမ်းအဖြစ် ပြောင်းလဲနိုင်မှ ဝတ္ထုထဲကနေထွက်ခွာခွင့်ရပါမယ်။

" ငါကဝတ္ထုထဲရောက်လာတာလား "

အိပ်ရာထက်လှဲနေရာကထပြီး မိမိလက်တွေကိုကြည့်ကာ မျက်နှာကိုကိုင်မိသည်။ ငါတကယ်ပဲ ဝတ္ထုထဲရောက်လာတာလား !

"ငါပြင်ဆင်ပြီးသွားပြီ ကောင်းမင်က မင်းကို အောက်မှာစောင့်နေတယ် သွားရအောင်"

ဆိုပြီး ယောကျာ်းတစ်ယောက်က သူ့လက်ကိုဆွဲကာ ခေါ်သွားလေသည်။

ငါစာအုပ်ထဲမှာ ဖတ်မိသလောက်တော့ အဲ့ အမှိုက် ကောင်က ဇီယီကို မကောင်းတဲ့ကောင်နဲ့ ခိုးပြေးမိအောင် စီစဉ်ပေးတာပဲ။

ပြီးတော့ ဝမ်ရိပေါ် ဆီမှာ ဂုန်းလျှောလိုက်တာ !

ဒီတစ်ကြိမ်တော့ ငါပိုင်တဲ့အရာကိုမင်းဆီ ထိုးမပေးတော့ဘူး။

ရှောင်းကျန့် မိမိရှေ့မှ လူကိုကြည့်ကာယဲ့ယဲ့လေးပြုံးပြီး ထိုလူဆွဲထားသော လက်ကို ဖြုတ်ချလိုက်သည်။

"ငါနဲ့ ဝမ်ရိပေါ် နဲ့က လက်ထပ်ပြီးသား မင်းငါတို့နှစ်ယောက် ကြားရန်တိုက်မပေးပါနဲ့လား"

HAPPY ENDING [ YIZHAN ]Where stories live. Discover now