Episode - 20

1.9K 302 17
                                    

[ မင်းကိုယ့်ကိုချစ်လာပါစေလို့ ဆုတောင်းမိတယ် - ၁ ]

ရှက်ဖွယ်လိလိကိစ္စတွေဖြစ်ပြီးတဲ့နောက်တစ်ရက်မှာတော့ ရှောင်းကျန့် ပုံမှန်ပြန်ဖြစ်သွားတော့သည်။ လင်ရှောက်ဆီကအလုပ်အကြောင်းဘာမှမကြားရသေးပေမဲ့ Gymဆော့ပြီးခန္ဓာကိုယ်ကို အကောင်းဆုံးအနေအထားထိရောက်အောင် ကြိုးစားခိုင်းထားလေသည်။

" ငါသေတော့မလိုပဲ "

Gym စဆော့တုန်းကဒီလောက်ထိပင်ပန်းမှန်းမသိခဲ့။ သိရင်ဘာကိစ္စဆော့နေမှာလဲ။ မိမိရဲ့ဘေးဘက်မှာ ပင်ပန်းသည့်အမူအရာမရှိဘဲGymဆော့နေသည့် လူတစ်ယောက်ရှိသည်။

အားကစားဝတ်စုံက ဒီလူရဲ့ပြီးပြည့်စုံတဲ့ကောက်ကြောင်းကို ထင်ရှားစေကာ အတော်လေးကိုမျက်စိပဒေသာရှိလေသည်။

" အလုပ်မသွားသေးဘူးလား  "

" လေ့ကျင့်ခန်းလုပ်လို့ပြီးရင် သွားမယ်။ ဘာလို့ချွေးတွေဒီလောက်ထွက်နေရတာလဲ "

ပြေးစက်ပေါ်တွင်ရှိသည့်တဘက်ကိုယူကာ ချွေးတွေစိုနေသည့်ရှောင်းကျန့်မျက်နှာကို တယုတယသုတ်ပေးသည်။

" မင်းနည်းနည်းလေးမှတောင်မပင်ပန်းဘူးလား "

ရိပေါ်ရဲ့လက်ကိုအပေါ်ကနေအုပ်မိုးကိုင်ကာ အမောတကောမေးလာသည်။ ရှောင်းကျန့်နှာခေါင်းကိုအသာညှစ်လိုက်လို့။

" ကျင့်သားရသွားရင်မပင်ပန်းတော့ဘူး ၊ နောက်နေ့စောစောထပြီး ကိုယ်နဲ့လေ့ကျင့်ခန်းလိုက်လုပ်။ မဟုတ်ရင်အဆီတွေစုနေတဲ့အကောင်ပေါက်လေး ဖြစ်တော့မယ်။"

စကားလုံးလှလှလေးနဲ့
အခြွေခံလိုက်ရသောရှောင်းကျန့် : (๑-﹏-๑).。o♡

ရင်ဘတ်ထဲကနေခုန်ထွက်သွားသောနှလုံးသားအား လိုက်ဖမ်းနေရသည်။

ရှောင်းကျန့်နှလုံးသားလေး : ရိပေါ် ရိပေါ် (~ ̄³ ̄)~

ရှောင်းကျန့် : ငါ့ရင်ဘတ်ထဲမနေဘဲဘယ်ကိုပြေးချင်နေတာလဲ !

" ဘာဖြစ်တာလဲ "

"ဘာ ... ဘာမှမဟုတ်ဘူး။ မနက်စာသွားစားရအောင် ရေသွားချိုးလိုက်ဦးမယ်။"

HAPPY ENDING [ YIZHAN ]Where stories live. Discover now