Episode - 12

2.3K 324 19
                                    

[ ဘယ်တော့မှထွက်သွားခွင့်ပေးမည်မဟုတ် ]

" သူဋ္ဌေးဝမ် ဒါကရေမွှေးကြော်ငြာအတွက်ရွေးထားတဲ့ မော်ဒယ်လ်တွေပါ ၊ ကိုယ်တိုင်များထပ်ပြီးရွေးဦးမလား။"

လက်ထဲကအစီရင်ခံစာကိုတစ်ချက်ကြည့်ပြီး လက်ထောက်ဖုန်းညွှန်ပြသည့်နေရာကိုကြည့်မိလိုက်တော့
အရောင်အသွေးစုံသည့်ပန်းလေးများနှယ် လှပကာနုပျိုနေသည့်ယောကျာ်းလေးနှင့် မိန်းကလေးများကိုတွေ့လိုက်ရသည်။

တစ်ချက်သာကြည့်ပြီး အကြည့်လွှဲမယ်ပြင်တော့ ခပ်အေးအေးအသံလေးတစ်ခုကိုကြားလိုက်ရသည်။

" ကျွန်တော်နောက်ကျသွားလို့တောင်းပန်ပါတယ်"

ပြေးလာသည်ထင်ချွေးတွေစိုကာနဖူးထက်သို့ ဆံပင်များကပ်နေသော်လည်း ထိုလူကတော့အမှုမထားသည့်နှယ်။ တက်ကြွစွာပြုံးရယ်လို့သူ့ရဲ့အမှားကိုတောင်းပန်နေလေသည်။

နားထဲကျယ်လောင်စွာကြားနေရတဲ့နှလုံးခုန်သံကြောင့် မျက်ခုံးတွန့်ကာဘေးနားရှိလက်ထောင်ဖုန်းကိုကြည့်တော့ လက်ထောက်ဖုန်းမှာဘာများမှားလို့လဲဆိုပြီး
ပြန်ပြောလေသည်။

" မင်းမကြားဘူးလား ၊ ဘယ်သူ့နှလုံးခုန်သံကအဲ့လောက်ထိ !"

ပြောနေရင်းနဲ့မှ ဘယ်သူ့နှလုံးခုန်သံမှမဟုတ်ဘဲ
မိမိနှလုံးခုန်သံဖြစ်သည်ဆိုတာကိုသတိထားမိသွားတော့သည်။
ချစ်ရေးချစ်ရာကိစ္စတွေကိုစိတ်ပျက်သော်လည်း ဒီခံစားချက်ကိုသူမမုန်းတီးမိပေ။

" ဘာဖြစ်လို့လဲ သူဋ္ဌေးဝမ်"

"ဘာမှမဖြစ်ဘူး ၊ ငါသူတို့ကိုစစ်ဆေးမယ် "

" အယ် ၊ သူဋ္ဌေးဝမ် လူသစ်တွေကိုဘယ်တုန်းကမှမစစ်ဆေးဘူး မဟုတ်လား"

"မင်းကငါ့ရဲ့သူဋ္ဌေးလား "

" မဟုတ်ပါဘူး "

ချွတ်ထားလေ့ရှိတဲ့ကုတ်အား လွှမ်းခြုံလိုက်ပြီးလူရွေးသည့်အခန်းထဲသို့ သူကိုယ်တိုင်ရောက်လာခဲ့သည်။

အကဲဖြတ်သည့်သူများထိုင်သည့်ထိုင်ခုံသို့မရောက်ခင် ကောင်လေးရှိရာဘက်သို့တစ်ချက်ကြည့်မိတော့ ပါးစပ်အဟောင်းသားဖြစ်ကာငေးကြည့်နေတာကြောင့် နှုတ်ခမ်းထောင့်စွန်းလေးကအနည်းငယ်ကော့တက်သွားကာ
ရှေ့သို့ဆက်သွားသည်။

HAPPY ENDING [ YIZHAN ]Donde viven las historias. Descúbrelo ahora