Episode - 21

1.9K 313 24
                                    

[ မင်းကိုယ့်ကိုချစ်လာပါစေလို့ဆုတောင်းမိတယ် - ၂ ]

သစ်လွင်နေတဲ့တူရိယာကို
လက်ဖြင့်ခပ်သာသာထိတွေ့လိုက်တော့ ရင်းနှီးနေသည့်ခံစားချက်ကစိတ်ထဲတိုးဝင်လာသည်။

" မင်းကအနုပညာနယ်ပယ်မှာစောက်သုံးကျပေမဲ့ အချစ်ရေးမှာကျသေအောင်ဖျင်းတာပဲ "

ဂစ်တာတစ်လက်ကိုဆွဲယူလို့ ပေါင်ပေါ်တင်ကာကြိုးတွေညှိပြီး တီးခတ်လိုက်သည်။ မတင်မကျအသံတွေ
ထွက်ပေါ်လာပြီးတဲ့နောက်မှာတော့ ငြိမ့်ညောင်းသည့်သံစဥ်ထွက်ပေါ်လာတော့သည်။

တကယ်ဆိုသူကဂစ်တာကိုအဖြစ်ရှိအောင် တီးခတ်တတ်သည့်လူတစ်ယောက်မဟုတ်ပေ။
သို့​ပေသိကုဇီယီရဲ့ခန္ဓာကိုယ်မှတ်ဉာဏ်ကြောင့် ဂစ်တာတီးသည့်အခါတွင် အခက်အခဲနည်းနည်းလေးတောင်မကြုံရပေ။

သူ့စိတ်ထဲလက်ရှိခံစားနေရတဲ့ ဝမ်းနည်းသည့်ခံစားချက် ၊ ခံပြင်းသည့်ခံစားချက် ၊ အဆိုးဆုံးကတော့ ရင်ကွဲသလိုနာကျင်ရသည့်ခံစားချက်ပင်။

' မင်းဘာလို့သူ့ကိုအဲ့လောက်ထိချစ်ရတာလဲ '

ခံစားချက်တွေရောသွန်းနေတဲ့သံစဥ်တစ်ပုဒ်က ခပ်ညောင်းညောင်းထွက်ပေါ်လာပြီး မကြာခင်ပြီးဆုံးသွားတော့သည်။

နီရဲနေတဲ့မျက်ဝန်းတစ်စုံနဲ့အတူ
မောဟိုက်ကာလှိုက်ဖိုနေသည့်ခန္ဓာကိုယ်။
ရိပေါ်ရဲ့အမူအရာတစ်ခုချင်းစီက ရှောင်းကျန့်ခေါင်းထဲပြတ်သားစွာပေါ်လာခဲ့သည်။

" ငါဘာတွေလုပ်ဖို့ကြိုးစားနေလဲဆိုတာ ဘုရားပဲသိလိမ့်မယ် "

ဂစ်တာကိုပိုက်ပြီးငိုင်နေမိသည့်ရှောင်းကျန့်က တံခါးဖွင့်သံကိုကြားတော့ တံခါးနားသို့လှည့်ကြည့်မိသည်။

မိန်းမပျိုတိုင်းကသူ့ရဲ့ကုတင်ကိုတွယ်ကပ်ဖို့ကြိုးစားနိုင်သလို ၊ သူနဲ့နီးစပ်ဖို့လည်းနည်းမျိုးစုံနဲ့ဖျားယောင်းနိုင်တယ်။ ကျောက်စိမ်းလိုကြည်လင်တဲ့ထိုသူရဲ့ရုပ်ရည်က ကျား ၊ မ မရွေး စွဲလမ်းနိုင်တယ်။ ဒါပေမဲ့ထိုလူကသူ့ရဲ့အခွင့်ထူးတွေကို မျက်ကွယ်ပြုပြီး သူ့ကိုမချစ်တဲ့လူတစ်ယောက်ကို နှလုံးသားတစ်ခုလုံးပုံပေးလို့ မြတ်နိုးတန်ဖိုးထားနေခဲ့တယ်။

HAPPY ENDING [ YIZHAN ]Where stories live. Discover now