Side Story (Final)

1.6K 74 2
                                    

(Unicode)

သူမနဲ့ ဘေဘီ့ရဲ့ ဆက်ဆံရေးက တော်တော်ကြီးကို အဆင်ပြေလာတယ်ဆိုရမလား။ သူမဘက်က ဘေဘီလို့ တရားဝင်ခေါ်ခွင့်ရခဲ့တဲ့အပြင် သူမကိုလည်း ဂရေးလို့ စိတ်လိုလက်ရ ခေါ်လာပုံအရလေ။

တနဂ်နွေနေ့တွေဆို ခါတိုင်း ခွေခေါက်အိပ်နေတက်ပေမယ့် အခုဆိုရင်တော့ တနဂ်နွေနေ့တွေက တကယ့်ကို သူမဘဝရဲ့ ခမ်းနားတဲ့နေ့တွေလိုပဲ။ မနက်အစောကြီး ထပြီး ဘေဘီ့အိမ်သွားမယ်။ ဘေဘီလုပ်သမျှ ကြည့်မယ်။ ဘေဘီစကားမပြောပြောအောင် လုပ်မယ်။ အိမ်ပြန်ခါနီး ဖက်မယ်။ ဘေဘီ့က နိုင်ငံရေးဦးတည်ချက် လေးချက်နဲ့တောင် ညီမျှနေသေး။

ရိပေါ်က သူမမောင်ဆိုတာသိပြီးကထဲက သိသိသာသာအချိုးတွေ ပြောင်းသွားတာကိုတော့ မသိချင်ယောင်ဆောင်ထားပါတယ်။ လက်ရှိ ဂရေးဂရေးဆိုပြီး ဖြစ်နေရင် အဆင်ပြေပြီ။ ရိပေါ်က သူမမောင်ဆိုတာကိုလည်း သူမကိုယ်တိုင် ဘေဘီ့ဆီက ထူးခြားတဲ့ တုန့်ပြန်မှုလေးများ ရမလားဆိုပြီး အထိတ်ထိတ်အလန့်လန့်ပြောခဲ့ရတာ။ ဘာပဲဖြစ်ဖြစ် ဘေဘီနဲ့ ပြတ်ဆဲမှာ မလိုချင်တဲ့ သူမက အခြားသူတွေဆီကနေ အမှန်တရားသိမှာ မလိုချင်လို့ သူမကိုယ်တိုင်ကို အရဲစွန့်ပြီး ပြောပြခဲ့မိတာ။ တုန့်ပြန်မှုကတော့ ထင်မထားစွာ ကောင်းမွန်နေရော။

""ဘေဘီ ငါတို့ အပြင်ထွက်ကြမယ်လေ။ ဒီနေ့တော့။""

""မထွက်ဖူး။""

""ထွက်ရအောင်ပါ။""

""မထွက်ဖူး။""

""ထွက်ရအောင်လေ။""

""မင်းနဲ့ငါက ဘာလဲ။""

""နုနုအုအု သမီးရည်းစား။""

သူမ တော်တော်ကျေးဇူးတင်တယ်။ ခါတိုင်းဆို ဒီလိုစကားတွေများ ပြောမိရင် မျက်မှောင်ကြီးကုတ်ပြီး စိတ်ဆိုးသွားတာ မပြီးတော့။ အခုတော့များ ဖာသိဖာသာနေပေးပြီး အခြားစကားတွေကို ပြောင်းရွေ့ပြောတာ။ သေချာပါတယ်။ ဒါကြိုက်တော့မယ်။ ဘေဘီနဲ့ နေသ၍က သူမအတွက် လိုရာတွေဆွဲဆွဲတွေးပြီး စိတ်လေးပျော်အောင်နေနေရတာပဲ။

""စကားပြောတာ စည်းကိုမရှိဘူး။""

""အမှန်ပြောတာကိုများ။""

W O R N G (Complete)Where stories live. Discover now