15

3.6K 391 12
                                    

(Zawgyi)

""ရိပေါ်ကောကို ခွေးပေါက်တစ်ကောင် ပေးလိုက်မယ်။ ""

စုန်အာလက်ထဲမှာ မဲမဲသဲသဲ ခွေးပေါက်လေးတစ်ကောင်။ တစ်ကိုယ်လုံးကမဲပြီး မျက်လုံးဝိုင်းဝိုင်းကြီးတွေ နေရာမှာမှ ကပ်ဖြူတဲ့ ခွေးပေါက်လေးက အများကြီး ချစ်ဖို့ကောင်းသလို မဲသဲနေလို့ ရုပ်လည်း ပိစိလောက် ဆိုးတယ်။ အကောင်ပေါက်လေးပေမယ့် အမွေးကောက်ကောက်ထူထူလေးတွေရယ်၊ လုံးတစ်နေတဲ့ ခန္ဓာကိုယ်ရယ်ကို ပိုင်ဆိုင်ထားသေးတယ်။

""အမလား။ အထီးလား။""

""အထီးလေး။ ရော့။ ရိပေါ်ကော။ သေသေချာချာဂရုစိုက်နော်။ တစ်နေ့ကမှပေါက်ထားတာ။ နို့တောင်ပျက်သေးတာမဟုတ်ဘူး။ နို့ဘူးတိုက်ပြီး မွေး။ ရော့.. ဒီမှာ လမ်းမှာ တိုက်ဖို့နို့ဘူး။""

ခေါင်းတဆက်ဆက်ငြိမ့်ပြီး ​ခွေးပေါက်လေးကို လက်လွှဲယူလိုက်တယ်။ သူ့လက်ဖဝါးတွေထဲ လုံးလုံးတစ်တစ်ပါလာတဲ့ ခွေးပေါက်လေးလို ကလေးလေးကလည်း လုံးလုံးတစ်တစ်လေးဖြစ်နေမှာလား။ မျက်လုံးရွှဲရွှဲကြီးတွေနဲ့ ကြည့်လာပုံက ဘယ်လိုလေးမှန်းလည်း မသိတာကြောင့် နှာခေါင်းရှုံ့လိုက်ပြီး လက်နှစ်ဖက်နဲ့ ဖျစ်ညှစ်ချလိုက်တယ်။

""ဝမ်ရိပေါ်။ ဖြေးဖြေးလုပ်လေ။""

ဖျစ်တာ အားလည်း မများပဲနဲ့ သူ့လက်ထဲက ခွေးပေါက်လေးရဲ့ လျှာနီနီပိစိက အရှေ့ကို ထွက်နေပြီ။ ရှောင်းကျန့် အော်တာ ခံရပါပြီ။ အဲ့တာ အဲ့ဒီ ခွေးမဲပေါက်စကြောင့်။ !

""ဟာ.. ရိပေါ် ဘယ်ကခွေးလေးလဲ။""

အထုပ်တွေကို လက်နဲ့အပြည့်သယ်လာတဲ့ Enzo က သူ့လက်ထဲက အကောင်လေးကို မြင်တော့ မျက်လုံးတွေ ဝင်းလက်ကုန်ကာ သယ်လာတဲ့ ပစ္စည်းတွေကို ပစ်ချပြီး လာကိုင်ဖို့ပြင်တယ်။ ခွေးပေါက်လေးကို ရင်ဘတ်ထဲ ထည့်ပြီး ရှောင်းကျန့်ရဲ့ နောက်ကို ဝင်ပုန်းလိုက်တယ်။ ရှောင်းကျန့် ဂျာကင်နဲ့ သူ့ရင်ဘတ်ကြားမှာ ခွေးပေါက်လေးက လူးလွန့်သွားတယ်။

""ဘာလဲ။ အဲ့တာဘာလုပ်တာလဲ။""

""ကြည့်မလို့လေ။ ပြ""

""မပြဘူး။""

""ကြည့်ချင်လို့ပါဆို။ ရိပေါ်ရာ..""

W O R N G (Complete)Where stories live. Discover now