12

3.3K 386 23
                                    

(Zawgyi)

""ရိပေါ် အစ်ကိုရှောင်းက ထပ်ကြာဦးမယ်တဲ့။ မနက်အစောကြီးပဲ။ ရိပေါ်ကမနိုးသေးလို့လေ။""

မျက်လုံးလှန်ကြည့်ရင်းက သူအများကြီးချစ်ရတဲ့ ဆိုင်ကယ်ရုပ်လေးကို ဆွဲဖြုတ်မိသွားတယ်။ ရှောင်းကျန့်ကို အကျင့်မကောင်းဘူးလို့ အော်ပြောစရာမလိုအောင် အကျင့်မကောင်း လုပ်နေပြန်ပါပြီ။ စကားလည်းမတည်ဘူး။ စကားလည်း မတည်ပါဘူး။ စကားမတည်တဲ့သူတွေကို အရမ်း၊ အရမ်းမုန်းတာပဲ။ အခုသူက ဒီနေ့ည နံပါတ်စဉ် (၆) ကလေးတောင် မ​ရေးရသေးဘူးလေ။

ကလေးလေး မင်းတွေ့တယ်မလား။ မင်းက ငါ့ကို အတင်းတွေသာ သတိရခိုင်းနေတာ။ ရှောင်းကျန့်က ကြာဦးမယ်တဲ့။ ကြာဦးမယ်တဲ့။ ကြာဦးမယ်တဲ့။

ဒေါသအရမ်းထွက်လာတာမို့ လက်ထဲက ဆိုင်ကယ်ကို ကိုင်ပေါက်လိုက်တယ်။ တစ်စဆီဖြစ်သွားတဲ့ ဆိုင်ကယ်လေးကိုလည်း ဂရုမစိုက်ချင်တော့သလို စုန်ကျိရန်ဆိုတဲ့ ပိုးဟပ်ဖြူလေး ခေါ်နေတဲ့ အသံကျယ်ကြီးတွေကိုလည်း ဂရုမစိုက်တော့ပါဘူး။ အိမ်တံခါးကို ခြေထောက်နဲ့ ၄ချက်လောက် အားနဲ့ ကန်ပြီး ကန်လို့ဝမှ တံခါးကို ပြန်ဆောင့်ပိတ်ကာ စားပွဲပေါ်မှာ တင်ထားတဲ့ ဖန်သေတ္တာကို ဆွဲယူလိုက်တယ်။

လက်ကို မြှောက်ရင်း သေတ္တာကိုရိုက်ခွဲပစ်ဖို့ ရည်ရွယ်ချက်ဟာ မြေခွေးလေးနဲ့ မင်းသားလေးရဲ့ ကပ်ခွာတွေကို မြင်တော့ ရှုံ့မဲ့မဲ့နဲ့ ရပ်သွားရတယ်။ ဘာလဲ။ ဘာလဲ။ ဒါက သူ့ကိုလှောင်တာလား။ လှောင်တာလား။

စိတ်တွေအရမ်း၊ အရမ်းရှုပ်လာပြီး ဒေါသတွေလည်း အများကြီး၊ အများကြီးထွက်လာပါတယ်။ အခုချိန်မှာ ရှောင်းကျန့် မျက်နှာကြီးကို တစ်စဆီဆွဲထိုးရမှာကျေနပ်နိုင်မှာဖြစ်တယ်။ သေတ္တာကိုပြန်ဆောင့်ချရင်း နံရံထောင့်မှာရှိတဲ့ ဘေ့စ်ဘောတုတ်ကို ယူကာ ကုတင်ကို အားနဲ့ ပေါက်ချလိုက်တယ်။ အသံအကျယ်ကြီးနဲ့အတူ ဘာလို့ ကုတင်ခြေထောက်ကိုထိမိပြီး ကုတင်ကြီးက တစ်စောင်းကျိုးကျသွားတာလည်း မသိတော့ပါဘူး။ အားလည်း သိပ် မပြင်းပဲနဲ့။

ကြမ်းပြင်ပေါ်မှာ ထိုင်ချရင်းက အခန်းထောင့်ကို တရွေ့ရွေ့နဲ့ သွားနေမိတယ်။ ဘာလို့မျက်လုံးထဲက မျက်ရည်တွေက စီးကျနေတာလည်း မသိတော့ပါဘူး။ စိတ်ပျက်ဖို့ကောင်းလွန်းတာကြောင့် မျက်နှာကို လက်နှစ်ဖက်နဲ့ ရိုက်ချလိုက်တယ်။ ပူထူသွားပေမယ့် ရင်ဘတ်ထဲမှာ တင်းကျပ်နေတုန်းပဲ။ ခံစားချက်ကြီးက ဆိုးလိုက်တာ။ ဒူးနှစ်ဖက်ပေါ် ခေါင်းတင်ချလိုက်တော့ ဘာလို့ထွက်လာမှန်းမသိတဲ့ မျက်ရည်တွေဟာ စောက်ကလေး ကာတွန်းဘောင်းဘီကလေးပေါ် သူ့အလိုလိုစီးကျတယ်။

W O R N G (Complete)Where stories live. Discover now