35

2.6K 163 4
                                    

(Unicode)

အနှီးထုပ်ဖြူဖြူလေးထဲက သူတို့ အမြဲမျှော်မှန်းခဲ့ရတဲ့ ကလေးလေးဟာ လူ့လောကထဲ ရောက်ရှိလာခဲ့ပြီ။ ဆေးရုံမဟုတ်ပေမယ့် သေချာ ငှားရမ်းထားတဲ့ ဆရာဝန်ကြီးတွေ၊ nurse တွေရဲ့ လုပ်ဆောင်မှုကြောင့် သူ့တို့ရဲ့ စောအော်လေးဟာ ကောင်းကောင်းမွန်မွန် မွေးဖွားလာခဲ့တယ်။ ကုတင်ပေါ်ကို ကြည့်မိတော့ မလှုပ်မယှက်အနေအထားလေးနဲ့ လက်သည်းကိုက်ရင်း သူ့ဗိုက်သူ ငုံ့ကြည့်လိုက်၊ ပုခက်ထဲက ကလေးလေးကို မော့ကြည့်လိုက်နဲ့ လုပ်နေတဲ့ ဝမ်ရိပေါ်လေးကို ပြုံးလျက်ကြည့်ရင်း စောအော်လေးကို ကောက်ပွေ့လိုက်ရင်း အနားကို ချီသွားလိုက်တော့ ဝမ်ရိပေါ်ဟာ ထိုကလေးလေးကို မမှိန်မသုတ်ကြည့်လိုက် သူ့ဗိုက်သူ ကြည့်လိုက်နဲ့ ဗြာများသွားရှာတယ်။

""ကျန့်ကော။ တကယ်ကို ထွက်ကျလာတာလား။ များ​ကြီးမြန်သွားသလိုပဲနော်။ ကျွန်တော် တကယ် ဘာမှ မသိလိုက်ရဖူး။""

တကယ်မသိအောင် သေချာ အကွက်ကျ စီစဥ်ပေးခဲ့တဲ့ Enzo ကို စိတ်ထဲက ကျေးဇူးတင်လိုက်တယ်။ တကယ်လည်း ဒီကလေးလေး မွေးဖွားလာတာကို ဝမ်ရိပေါ်မသိခဲ့တာ အမှန်ဖြစ်တယ်။ ကလေးလေးမွေးဖွားခါနီး နာကျင်မှုတွေနဲ့ မွေးဖွားတဲ့အခါ နာကျင်မှုတွေကို သူက ဝမ်ရိပေါ်လေးကို နည်းနည်းမှ မခံစားစေချင်တာကြောင့် Enzo အကြံပေးတဲ့အတိုင်း မေ့ဆေးတွေ ပေးကာ ထုံဆေးတွေ သုံးလျက် ကလေးကို အောင်မြင်စွာ ခွဲစိတ်မွေးနိုင်ခဲ့တာဖြစ်တယ်။

""မင်းလေးနာမှာစိုးလို့ ကိုယ်က ဒီလိုလုပ်လိုက်ရတာ။""

""ကျန့်ကော။""

အိပ်မက်ယောင်လို ဖြစ်နေတဲ့ ဝမ်ရိပေါ်ရဲ့ လက်ညိုးလေးကို ဆွဲယူလိုက်ရင်း နီတာရဲလေး စောအော်ရဲ့ ပါးလေးတစ်ဖက်ကို ထိတွေ့စေလိုက်တယ်။ တွန့်ခနဲ ဖြစ်သွားတဲ့ လက်ညိုးလေးနဲ့ အတူ ဖြေးဖြေးချင်း သဘောတကျ သွားဖွေးဖွေးတွေ ပေါ်သည်အထိ ပြုံးရယ်လာတဲ့ ဝမ်ရိပေါ်လေး။

ခစ် ခနဲ ရယ်သွားရင်းက ကလေးငယ်ရဲ့ ပါးကလေးကို တို့လိုက်၊ ခွာလိုက်နဲ့ မထိရက်မကိုင်ရက် ဖြစ်နေတဲ့ ဝမ်ရိပေါ်လေးထံ သူ့ရင်ခွင်ထဲက ကလေးလေးကို လွှဲပြောင်းပေးဖို့ ကြံရွယ်တော့ ဝမ်ရိပေါ်ဟာ မျက်လုံးပြူးလျက် အကြောက်အကန်ငြင်းလာလေရဲ့။

W O R N G (Complete)Where stories live. Discover now