Side Story (03)

1.9K 151 64
                                    

(Zawgyi)

သူမ လက်ကောက်ဝတ်ပေါ်က စက်တွေရဲ့ ရွေ့လျားသံကို နှုတ်ခမ်းကို တင်းတင်းဖိပြီး အသာ ငြိမ်နေလိုက်တယ်။ နာတယ်လို့ ပြောတယ်။ နာလည်း ရတယ်ဆိုပြီး ပေတေထိုးခဲ့မိတာပဲ။ ထိုးတဲ့ တစ်ခုတည်းသော နာမည်ကလည်း မေပယ်လ် ဆိုတဲ့ နှစ်လုံးထဲပဲ။ နာမည်က ၂လုံးထဲကို ဘာလို့ အဲ့လောက် ကြာနေတာလည်း စဉ်းစားလို့ကို မရဘူး။

ထိုမိန်းကလေးကို စတွေ့ကထဲက သတိထားမိစွာ လှုပ်ခပ်လာတဲ့ ပထမဦးဆုံးအရာက လက်ကောက်ဝတ်ပေါ်က သွေးကြောမျှင်ကလေးတွေမလို့ သူမက ဒီသွေးကြောမျှင်တွေပေါ်မှာပဲ မေပယ်လ့်ရဲ့ နာမည်ကို မြတ်မြတ်နိုးနိုး ထိုးဖြစ်တယ်။ Adam လို သူမကို ရူးလိုက်တာလို့ပြောလည်း ဖြစ်တယ်။ သူမ ဘာမှပြန်ပြောနေမှာ မဟုတ်ဘူး။ ဂရုတစိုက် လိုက်ရှင်းပြ ပေးနေစရာလည်း မလိုဖူးထင်ရဲ့။

သူမ လက်ဖဝါးပြင်ကို လက်ညိုးနဲ့ အသာဖိလို့ ဘယ်ဘက် လက်ကောက်ဝတ်ပေါ်မှာ စက်ကို လိုသလို ပုံသွင်းပြီး အာရုံတစိုက် ပုံဖော်နေတဲ့ Adam က သူမကို ၃ခါတိတိ ဒီလိုမေးတယ်။

"သေချာပြီလား"
"မဟုတ်ဘူး။ တကယ်သေချာပြီလား။"
"ဒါက သေရာပါနော်။ လုံးဝကို သေရာပါ။ မဖြစ်နိုင်တာ။ လိင်တူ အချင်းချင်းကို။ နင် တကယ်သေချာပြီလား။"

ကလေးတစ်ယောက်ကို လူကြီးတစ်ယောက်က မဖြစ်သင့်တဲ့ လမ်းကြောင်းအပေါ် လျှောက်လှမ်းသွားမှာကို စိုးရိမ်စွာ ထပ်တလဲလဲ ပြောတာကိုလည်း ပေကပ်ကပ်နဲ့ သည်းခံခဲ့ရသေးတယ်။ မေပယ်လ်နဲ့ ပတ်သက်ရင် သူမက ဘာမှကို ဖြေရှင်းချက် မပေးတက်တော့တာ။ ဖြေရှင်းချက် ပေးလည်း သူတို့က နားလည်မှာ မလို့လား။ နားမလည်တာ အသိသာကြီးလေ။ ဒီတော့ တကူးတက အကြီးအကျယ် ရှင်းပြနေမယ့်အစား ပေစောင်းစောင်းသာ ထိုင်ကြည့်ပေးလိုက်တော့တာပဲ ကောင်းတယ်။

""သူက လှလို့လား။ ဘာလို့ ဒီလောက်တောင်။""

သူမကို ဖျက်ခနဲ မော့ကြည့်လာပြီး မေးတယ်။ အချစ်မှာ လှတယ်။ မလှဘူး ဆိုတာ မရှိဘူး လို့ ပြောလိုက်ချင်ပေမယ့် သူမရဲ့ မိန်းကလေးက တကယ့်အလှလေးဖြစ်နေတော့ ကြွားချင်စိတ်က လှိုက်ခနဲ တက်လာတယ်။ မျက်ဝန်းတွေထဲမှာလည်း မေပယ်လ့်ရဲ့ အစိတ်အပိုင်းတွေက တစ်ခုချင်းဆီ ဖျက်ခနဲ ဖျက်ခနဲ ပေါ်လာတယ်။

W O R N G (Complete)Where stories live. Discover now