20

3.4K 365 18
                                    

(Zawgyi)

Neckties ကို ဖြည်လျော့လိုက်ပြီး စာရွက်စာတမ်းတွေကို အိတ်ထဲ ထိုးထည့်လိုက်တယ်။ လက်က နာရီကို ကြည့်မိတော့ ၇နာရီထိုးနေပြီ။ ဘယ်လိုပဲ စောစောပြန်မယ်လုပ်လုပ် အခုရက်ပိုင်း ထုတ်မယ့် goods အသစ်အတွက် အမြဲတစေနောက်ကျနေတာကိုတော့ စိတ်တိုမိပါတယ်။ ဝမ်ရိပေါ် ဘာတွေလျှောက်မွှေနေပြီး ဘာတွေ စကားနားမထောင်လည်း ဆိုတာ ကိုလည်း အိမ်ပြန်ရောက်ရင် သိကိုသိရမယ့် အရာတွေမလို့ ရင်ဘတ်ထဲ တဒိတ်ဒိတ် ဖြစ်ရပါတယ်။

ကုတ်ကိုချွတ်လို့ လက်မှာတင်လိုက်ပြီး ကားသော့နဲ့ အိတ်ကို ဆွဲယူမယ်လုပ်တော့ စားပွဲထောင့်မှာ တင်ထားတဲ့ ဖုန်းက ထမြည်လာတယ်။ ဝမ်ရိပေါ်ဆီက များလားဆိုတဲ့ မျှော်လင့်ချက်ရေးရေးလေးဟာ ဖုန်းနံပါတ်စိမ်းတစ်ခုကို ထင်ထင်ရှားရှား တွေ့လိုက်ရချိန်မှာ မျက်မှောင်ကြုတ်မိတယ်။ သက်ပြင်း ဖွဖွချကာ ကိုင်လိုက်ပါတယ်။

"" ဆရာ.. ""

ခပ်တိုးတိုးလွင့်ပြန်လာတဲ့ အသံဟာ အန်တီယင်းရဲ့ အသံမလို့ သေချာ နားစိုက်ထောင်မိတယ်။

"" ဆရာ.. ကျွန်မ အမျိုးသား ဆုံးလို့။ အဲ့တာ ဝမ်လေးဆီကို မနက်ဖြန်လာမယ် ပြောထားတာ။ မလာဖြစ်တော့ဘူးလို့ ပြောပေးပါ။ ""

တုန်ယင်သော၊ ခြောက်ခြားသော၊ လှိုက်ခါနေသော အသံလေးလေးနဲ့ ပြောလာတာမလို့ စိုးရိမ်စိတ် နဲနဲ လောက်နဲ့ မေးမိတယ်။ ဝမ်ရိပေါ်ချစ်တဲ့ အန်တီယင်းမလို့ အဆင်ပြေ၊ မပြေ သူကသိချင်တယ်။

"" အခု အဆင်ပြေရဲ့လား။ ""

"" ဒီလိုပြောရတာ အားနာပေမယ့် ဘာလုပ်လို့ ဘာကိုင်ရမှန်းတောင် မသိဖြစ်နေတယ်။ ကျွန်မ.... ""

တရှိုက်ရှိုက်ငိုနေတဲ့ အသံတွေဟာ စို့နစ်ဖွယ် ကြားရတယ်။ ဝမ်ရိပေါ်သာ ဒီအကြောင်းတွေကိုသာ သိသွားမယ်ဆိုရင် သေချာပေါက် ဝမ်းနည်းလိမ့်မယ်။ ပြီးရင် အသားကုန် သောင်းကျန်းပြီး လိုက်ပို့ဖို့ ပြောလိမ့်မယ်။ ဒါကြောင့် သူ ဝမ်ရိပေါ်ကို လုံးဝ မပြောပြဖို့ ဆုံးဖြတ်လိုက်သလို တစ်ဆက်ထဲမှာ တစ်ယောက်ထဲ ဖြစ်နေမယ့် အန်တီယင်းကို တွေးမိတော့ ဝမ်ရိပေါ်နေရာမှာ ဆိုရင် ဆိုတဲ့ အတွေးက ဝင်လာတယ်။ နာရီကို နောက်တစ်ခါ ထပ်ကြည့်လိုက်ပြီး အရမ်းမကြာလောက်မယ့် ခရီးတစ်ခု မလို့ ..။ ဆွေမျိုးတွေ ဘာတွေ မရှိဘူးလို့ ဝမ်ရိပေါ်က ပြောပြဖူးတာကြောင့် ...။ သူကအန်တီယင်းနဲ့ ဦးလေးလီကို အများကြီး ချစ်တယ် လို့ပြောဖူးတာကြောင့် အကောင်းဆုံးဖြစ်မယ့် နည်းလမ်းကိုသာ မြန်မြန်တွေးပြီး ဆုံးဖြတ်ချက်ချလိုက်ပါတယ်။

W O R N G (Complete)Where stories live. Discover now