25

3.6K 362 61
                                    

(Zawgyi)

၂၈ ရဲ့ အဖက်ကို အကြာကြီး ခံထားရတဲ့ ဂျာကင်ကို ဆွဲချွတ်ပစ်ပြီး မျက်နှာကို လက်နဲ့ ခပ်ကြမ်းကြမ်း ဆွဲပွတ်လိုက်တယ်။ ဒီ ဂျာကင်ကို နောက်ဘယ်တော့မှ မဝတ်ဖြစ်မိအောင် အိမ်ရောက်ရင် မီးရှို့ပစ်မယ် ဆိုတာကိုပါ တွေးလိုက်ပါတယ်။ ခေါင်းကို အနောက်ကို လှန်ချလိုက်ပြီး မျက်ဝန်းတွေကို တမင် ပြုးလိုက်ပါတယ်။ ၂၈ က မျက်လုံးလှတာမို့ ကျန့်ကောက ကြိုက်တာလား။ ၂၈ မျက်လုံးက ကျန့်ကောလိုပဲ၊ ဝိုင်းဝိုင်းလေးကိုမှ အရည်တလဲ့လဲ့နဲ့။ ဒါမှမဟုတ် ကျန့်ကောက သူနဲ့ရုပ်ချင်းဆင်တဲ့ သူတွေကိုပဲ ကြိုက်တာလား။ ၂၈ က ကျန့်ကောနဲ့ ရုပ်ချင်း သေးသေးလေး ဆင်တယ်လေ။

""ဟားး""

အကျယ်ကြီး အော်ပလိုက်က်ပြီး လက်သီးကို ခပ်တင်းတင်း ဆုပ်မိပါတယ်။ ခုနကထဲက ပိတ်ထိုးပစ်ခဲ့ရမှာကို ကျန့်ကော မုန်းမှာတွေ ဘာတွေ ကြောက်ပြီး မလုပ်ပစ်ခဲ့တာတွေ၊ နောက်ပြီး မိန်းကလေး ဖြစ်နေတယ် ဆိုတဲ့ အချက်ရယ်ကြောင့် သည်းခံထားခဲ့တာတွေ၊ ကျန့်ကော အကြောင်း အကုန်ပြောပြမယ် ဆိုလို့ စိတ်တွေ ထွေပြားကုန်တာတွေ၊ ၂၈ကို ဆွဲဖက်ပြီး ရင်ဘတ်ချင်း ကပ်ပစ်မိတာတွေ၊ ဆွဲလှဲပစ်ပြီး မျက်နှာကို လေနဲ့ မှုတ်ပစ်ခဲ့တာတွေ၊  တစ်ခုချင်းစီကို ပြန်တွေးတိုင်း " စောက်ရေးမပါချက်တွေကွာ " ဆိုပြီး နံရံကို လက်သီးနဲ့ ဆက်တိုက် ထိုးပစ်ချင်စိတ်တွေဟာ တစ်ကိုယ်လုံးမှာ အပြည့်အသိပ် ဖြစ်လို့နေတယ်။ အခုလည်း ကားမှန်ကို ထိုးပစ်ချင်နေတာ၊ ဒါပေမယ့် Keli က နောက်ကြည့်မှန်ကနေ တစ်ဆင့် သူ့ကို စိုက်ကြည့်နေတာကြောင့် ပါးစပ်ကလေးစိပြီး ငြိမ်ငြိမ်လေးနေနေရတာ။ အဲ့တာက ဆိုးတယ်။ ရှောင်းကျန့်ကလည်း ဆိုးသလို၊ သူ့ရဲ့ body guard တွေကလည်း ဆိုးတယ်။

မျက်ဝန်းထဲ ထပ်ဝင်လာတဲ့ ၂၈ရဲ့ မျက်နှာသေးသေးနဲ့ ကျန့်ကောရဲ့ မျက်နှာလေးကြောင့် တောက်တစ်ချက် ပြင်းပြင်းခေါက်လိုက်ပြီး ဒူးခေါင်းနဲ့ Keli မှီထားတဲ့ ကူရှင်ကို ၂ချက် ဆင့်တိုက်ပလိုက်တယ်။ ကျန့်ကောက တကယ်ပဲ ex ပြန်လာပြီဆိုတော့ သူ့ကို ထားသွားတော့မှာလား။ သူက မိန်းမယူပစ်မယ်ဆိုတာက ပလီတာလေ။ ကျန့်ကောလို အရပ်ရှည်ပြီး မဟားဒယား ချောတဲ့ ဘဲကြီးကို ရထားတာကို မိန်းမယူပစ်ရအောင် သူကအရူးလား။ ပြီးတော့ ကျန့်ကောကလည်း သူ့လို အသက်ငယ်ငယ် ချောချောအမျိုးသား တစ်ယောက်ကို ရထားတာ။ ဒီမှာတင် ကျန့်ကောက အများကြီးသာနေပြီလေ။ ဒါကို ex နဲ့ ပြန်တွဲ၊ အီစီကလီလုပ်မယ်ဆိုရင်တော့ သူက blind date တွေ၊ ဘာတွေ ဆက်တိုက် စလုပ်ပြီပဲ။

W O R N G (Complete)Where stories live. Discover now