31

2.5K 253 120
                                    

(Unicode)

""မွေးနေ့သွားရမှာကို အရမ်း ပျော်နေတယ်ပေါ့။""

""အဲ့လိုပွဲတွေ မသွားရတာ ဘယ်လောက်ကြာပြီလဲ။ ဗိုက်အရမ်းမဖောင်းခင် မွေးနေ့လုပ်တဲ့ Enzo ကို ထိုင်ရှစ်ခိုးချင်စိတ်တောင် ပေါက်တယ်။""

""ဟာ.. အဲ့လောက်တောင်လား။ ဒါဆို ဝမ်ရိပေါ် ကလေး မွေးနေ့ကိုရော စောလုပ်ကြမလား။""

""စောလုပ်တဲ့ ဖီလ်လင်နဲ့ ရောက်တော့မှ လုပ်တဲ့ ဖီလ်လင်က တစ်စက်မှ မတူပါဖူး။ အဲ့တော့ မလုပ်ချင်ဘူး။""

""လာပါဦး။ ကိုယ့်ဆီ။""

""လာဖူးကွာ။ ခြေအိတ်ဝတ်​မို့ကိုး။""

ဝမ်ရိပေါ်ရဲ့ ဂျစ်တစ်တစ် စကားကို ရှောင်းကျန့်က ပြုံးလို့ ခေါင်းခါတယ်။ ဆိုဖာပေါ် ခြေထောက်တစ်ဖက်တင်ရင်း ခါးလေး ငုံ့ကိုင်းလို့  ခြေအိတ်စွပ်နေတဲ့ ဝမ်ရိပေါ်နား ရှောင်းကျန့်က တိုးကပ်သွားတယ်။ ဝမ်ရိပေါ်ရဲ့ ပုခုံးလေးကို ဆုပ်ကိုင်လိုက်ပြီး ကိုယ်ကို တစ်ပတ်လှည့်လို့ ဆိုဖာပေါ် ထိုင်ခိုင်းလိုက်တဲ့အခါ ဝမ်ရိပေါ်ရဲ့ မျက်လုံးလေးတွေဟာ ပေကလယ်၊ ပေကလယ် ဖြစ်သွားတယ်။ လက်မှာ ကိုင်ထားတဲ့ ခြေအိတ်တစ်ဖက်ကို ဆွဲယူလို့ ခြေချောင်းလေးတွေမှာ ယဲ့ယဲ့လေး စွပ်နေတဲ့ ခြေအိတ်လေးကို ရှောင်းကျန့်က ကြည့်ရင်း ဝမ်ရိပေါ်ရဲ့ ခြေရင်းမှာ တပလ္လင်ခွေ ထိုင်ချတယ်။ ထိုအခါ ဝမ်ရိပေါ်က တစောင်းပြုံးလေးနဲ့ ရှောင်းကျန့်ပေါင်ပေါ် ခြေထောက်နှစ်ဖက်လုံး ပစ်တင်တယ်။

""ကိုယ်ကလည်း ခြေအိတ်ဝတ်ပေးမို့ ခေါ်တာပါကွာ..""

ပေါင်ပေါ်က ခြေထောက်လေးတွေကို ရှောင်းကျန့်က ကြည့်ရင်း ခြေအိတ်စွပ်လက်စ ခြေထောက်လေးကို ဖွဖွဆုပ်ကိုင်တယ်။ လက်တစ်ဖက်က ခြေဖဝါးလေးတွေအောက် ရောက်သွားရင်း နောက်တစ်ဖက်က ခြေအိတ်ဖြူဖြူလေးကို အပေါ်ကို ဖြေးဖြေးချင်း ဆွဲတင်နေတယ်။ လက်သည်းတိုတိုလေးတွေနဲ့ ခြေတလုံးဖွေးဖွေးလေးတွေကို ကုတ်ခြစ်မိသွားမှာစိုးတာမို့လည်း အသေးစိတ်ကြည့်လို့ ဂရုတစိုက် ဖြေးဖြေးချင်း ဝတ်ပေးနေတယ်။

ခြေအိတ် ဝတ်ပြီးသွားတဲ့ ဝမ်ရိပေါ်ရဲ့ ခြေထောက်လေးကို ရှောင်းကျန့်က ပြန်ချပေးလိုက်ပြီး နောက်တစ်ဖက်ကို ဆုပ်ကိုင်လို့ ဝမ်ရိပေါ်ရဲ့ လက်ထဲက ယူလာတဲ့ ခြေအိတ်လေးကို ဖြေးဖြေးချင်း ဝတ်ပေးပြန်တယ်။ အပေါ်ကနေ ဆိုဖာပေါ် လက်ကလေးနှစ်ဖက် ထောက်ထားရင်း ရှောင်းကျန့်လုပ်သမျှကို ပြုံးပြုံးလေး ငေးနေတဲ့ ဝမ်ရိပေါ်။ ရှောင်းကျန့်က ခြေထောက်လေးနှစ်ဖက်ကို ​ပူးလိုက်ပြီး ခြေတလုံးလေးကို တမင်တကာ ပွတ်သပ်ပြီးတော့မှ အပေါ်ကို မော့ကြည့်တယ်။ အကြည့်ချင်းဆုံသွားတဲ့ ခဏမှာ နှစ်ယောက်လုံးက သွားလေးတွေ ပေါ်အောင်ပြုံးရင်း သမီးရည်းစားတွေ အကြည့်ချင်းဆုံပြီးတဲ့ခဏ ရင်ခုန်သွားသလို ရှက်ကိုးရှက်ကန်းဖြစ်သွားပြန်တယ်။ ဝမ်ရိပေါ်ဟာ ရှောင်းကျန့်ရဲ့ မေးဖျားလေးကို ဆွဲကိုင်တော့ ရှောင်းကျန့်က အလိုက်သင့်လေး အရှေ့ကို တိုးပေးလာတယ်။

W O R N G (Complete)Where stories live. Discover now