34

2.1K 156 4
                                    

(Unicode)

""ရိပေါ်က မာမီတို့ရဲ့ သားအရင်းတဲ့။ မာမီအရမ်းယုံကြည်နေတယ်။ အဲ့တာ DNA စစ်ဖို့ ကူညီပါလား။ ကျန့်ရယ်။""

Enzo က စကားအဆုံး ရှောင်းကျန့်ရဲ့ မျက်နှာမှာ အံ့သြရိပ်တွေ တဖျက်ဖျက်ပြေးယှက်သွားတယ်။ မကြာလိုက်။ တည်ငြိမ်တဲ့ အသွင်အပြင်နဲ့ ရှောင်းကျန့်ဟာ ဘယ်အရာတွေကို ဆက်လက်လုပ်ဆောင်ရမယ်ဆိုတာကို အသံတိတ် အစီအစဥ် ချနေခဲ့ပါတယ်။ စိတ်ရှုပ်လွန်းပုံရနေတဲ့ Enzo ကတော့ စားပွဲပေါ်က soda ကို မော့သောက်ပစ်တယ်။ ခွက်ကို ဆောင့်ချရင်း။

""ငါကတော့ မဖြစ်နိုင်ဖူးပဲ ထင်နေတယ်။ ငါ့မှာ ဘယ်တုန်းကမှ မောင်ရှိမနေဘူး။ ငါက တစ်ဦးတည်းသော သမီးပဲလေ။ နောက်ပြီး ရိပေါ်သာ ငါ့မောင်ဖြစ်ခဲ့ရင်။ ကျစ်။ မဖြစ်ဖူး။""

သူမ အရင်စိတ်နဲ့သာဆို မောင်တစ်ယောက်အရမ်းလိုချင်ခဲ့တာဖြစ်ပြီး ထိုအချိန်တွေမှာသာ ထိုစကားတွေသာ ကြားခဲ့ရရင် ပျော်မိမှာအမှန်။ ရိပေါ်ကိုလည်း စမြင်ကထဲက မောင်တစ်ယောက်လို သံယောဇဥ်တွယ်မိခဲ့သည်လေ။ ဒါပေမယ့် အခုက ရိပေါ်သူမ မောင်အရင်းဖြစ်ခဲ့မယ်ဆိုရင်တောင် သူမအတွက် မွန်းကျပ်ကျပ် ခံစားချက်ကြီးနှင့်။ ဘာလို့ဆို ရိပေါ်သာ သူမရဲ့ မောင်အရင်းသာ ဖြစ်မယ်ဆို ဘေဘီနဲ့ ဆက်ဆံရေးတွေဟာ ဘာဆိုဘာမှ ရေရာတော့မည်မဟုတ်။

""ဝမ်ရိပေါ်က မစ္စဝမ်တို့ရဲ့ သားအရင်း မဟုတ်တာ သေချာတယ်။ Enzo။""

""ဘာဆက်လုပ်မလဲ။""

""အန်ကယ်တို့နဲ့ အရင်တွေ့မယ်။""

""မာမီကလည်း နင်အဆင်ပြေရင် တစ်ခါထဲ တွေ့ဖို့ပြောတယ်။""

""အခုသွားချင်တယ်။""

Enzo က ခေါင်းငြိမ့်လိုက်တော့ ရှောင်းကျန့်က ငွေရှင်းတယ်။ နှစ်ယောက်သား ကားပေါ်ရောက်တဲ့ အခါမှာတော့ ရှောင်းကျန့်ရဲ့ ဘဏ်ကဒ်ထဲကို ခုနက စားသောက်ဆိုင်မှာ စားခဲ့တဲ့ ငွေပမာဏရဲ့ တစ်ဝက်ဟာ တိတိကျကျ ရောက်ရှိလာပါတယ်။ Enzo လည်း တစ်စုံတစ်ယောက်ဆီက ထိုအကျင့်လေး ကူးစက်လာတာ ဖြစ်မယ်။

ကားမောင်းနေတဲ့ ရှောင်းကျန့်ကို Enzo က တစ်ချက်ငဲ့ကြည့်ရင်း တစ်ခုခုကို သတိရမိသလိုနဲ့။

W O R N G (Complete)Where stories live. Discover now