3

4.6K 477 7
                                    

(Zawgyi)

ဆေးရုံဖြစ်ပေမယ့် အခန်းတစ်ခုလုံးဟာ အပြာရောင်တွေနဲ့သာ ပြည့်နှက်နေတယ်။ တမင်တကာ အပြာရောင်တွေကိုသာ သုံးထားတာဆို ပိုမှန်မယ်။ မျက်စိရှင်းပြီး ချစ်စရာကောင်းတယ်လို့ Enzo က မြင်တာပါပဲ။ ဒယ်ဒီကလည်း 'Enzo သဘောကျတာ အကုန်လုပ်' ပြောထားလို့လည်း သူမရဲ့တစ်ခန်းထဲ ကွက်ပြီး ပြာနေတာလည်း ဖြစ်တယ်။ ဒယ်ဒီပိုင်တဲ့ ဆေးရုံဖြစ်တာမို့ သူမကလည်း ဘယ်သူ့ကိုမှ ဂရုမစိုက်။ အဲ့တာကြောင့် သူမကို ဒီဆေးရုံက စဆရကတွေက သိပ် ဘဝင်မကျဘူး။ ဒါပေမယ့် သူမကိုယ်တိုင်ကလည်း သူတို့ရဲ့ စေ့စေ့စပ်စပ်လိုက်ကြည့်ပြီး ပြောကွက်တစ်စက်တလေမှ မရှိတာမလို့ သူတို့က ဒါကိုလည်း ဘဝင်မကျဘူး။ ထားပါ။

ဟင်းခနဲ သက်ပြင်းရှိုက်သံ ထွက်ပေါ်လာတာမလို့ မျက်လုံးလှန်ကြည့်လိုက်ပြီး တပ်ထားတဲ့ မျက်မှန်အဝိုင်းကို လက်ညိုးထိပ်ဖျားနဲ့ တစ်ချက်တောက်လိုက်တယ်။

""ရိပေါ်။ ကျွန်မပြောတာ သဘောပေါက်တယ်နော်။""

ခေါင်းကို လူမိုက်ဆန်ဆန် ဆက်ခနဲ ငြိမ့်ပြပြီး တံခါးပေါက်ဆီ မျက်လုံးလေးက ဝေ့ခနဲ ကြည့်ပစ်တယ်။ မျက်နှာကလည်း မှုန်ကုပ်ကုပ်နဲ့ ကြွက်စုတ်လေးလိုပဲ။

""ဒါဆို ဒီလို စိတ်ထဲက မပါတဲ့ ပဒီးပဒါး ကိစ္စတွေ ဆက်မလုပ်ဖို့ ပြောချင်တယ်။""

ရိပေါ်က ချောတယ်။ ချစ်စရာလည်း ကောင်းတယ်။ အသက်လည်း ငယ်တယ်။ အရပ်လည်း ရှည်တယ်။ ဘယ်နေရာကြည့်ကြည့် ချောနေတာပဲ။ ရေလည်လည်း cool တယ်။ နောက်ပြီး ကျန့်ရဲ့ အမျိုးသား။

""မင်းဘာလို့ အဲ့လောက် စကားများရတာလဲ။""

အောင်မယ်။ သောက်ကလေးအဖေလေးက သူမကို စကားများတယ်တဲ့။ ဟမ်းး။ သူမက စိတ်ရင်းနဲ့ ခင်လို့ ဒီလောက်ပြောနေတာကို ရိပေါ် နားလည်မယ်မထင်။ ရိပေါ်က သူမ ကျန့်ကို ကျန့် လို့ခေါ်လို့ အမြင်မကြည်ဖြစ်နေတာ သူမ ရိပ်မိတယ်။ ရိပ်မိလို့လည်း အတက်နိုင်ဆုံး ပြင်ခေါ်ပါတယ်။"ရှောင်းကျန့်" လို့။ ဒါပေမယ့် လူက အမြဲ ပျင်းနေတက်တော့ စကားကို ၂လုံးမထွက်ချင်ဖူး ဖြစ်နေတယ်။ အဲ့တာကြောင့် စစချင်းကထဲက "ကျန့်" လို့ပဲ ခေါ်ခဲ့တာ။

W O R N G (Complete)Hikayelerin yaşadığı yer. Şimdi keşfedin