Side Story (02)

2.5K 293 10
                                    

(Zawgyi)

အခန်းတံခါးကို အသာပိတ်ပြီး Daddy အနား လျှောက်သွားလိုက်တယ်။ ခြေလှမ်းဖွဖွနဲ့အတူ တုန်တုန်ယင်ယင် လှမ်းလာတဲ့ သူမကို Daddy က အလိုမကျသလို ကြည့်တယ်။ လှုပ်ရှားနေတဲ့ စိတ်တွေနဲ့ တဒိန်းဒိန်းဖြစ်နေတဲ့ နှလုံးခုန်သံတို့ကို လက်ချောင်း အချင်းချင်းဖိပွတ်ဆွဲရင်း ဖြေသိမ့်လို့ Daddy အရှေ့ ဝင်ထိုင်လိုက်တယ်။

""Enzo""

ဆောက်တည်ရာမရ ဖြစ်နေတဲ့ မျက်ဝန်းတွေကို Daddy က သဘောကျဟန်မတူ။ စုတ်တစ်ချက်သပ်ရင်း ရေခွက်ကို သူမလက်ထဲ ထိုးထည့်ပေးတယ်။

""အရင်သောက်လိုက်။""

အငမ်းမရမော့သောက်လိုက်ပေမယ့် ရင်ဘတ်ထဲက ပူလောင်နေတုန်းပဲ။ မကျိုးရုံတမယ် ဖြစ်သွားပြီး ရောင်ကိုင်းနေတဲ့ ညာဘက်လက်မောင်းကလေးနဲ့ ကုတင်ပေါ်မှာ ငြိမ်ငြိမ်လေး လှဲနေတဲ့ မေပယ်လ့်ပုံရိပ်ဟာ သူမ, မျက်လုံးတွေထဲက အခုထိတိုင် မထွက်နိုင်သေး။ အခုချိန်မှာ ဒီလောက်ထိ ဖြစ်နေရင် မေပယ်လ်ကလေး နိုးလာတဲ့အခါ ပိုလို့ ဆိုးကုန်မှာကို တွေးမိရင်း အသက်ကိုသာ ပြင်းပြင်း ရှူလိုက်၊ ထုတ်လိုက် လုပ်နေမိတယ်။

""Daddy ရဲ့ Enzo မှ ဟုတ်ရဲ့လား။ ဘာလို့ ဒီလောက်ဖြစ်နေတာလဲ။""

""Daddy""

နှုတ်ခမ်းလှုပ်ရုံ ရေရွတ်လိုက်တဲ့ သူမကို Daddy က ပြုံးလို့ကြည့်လာတယ်။ Daddy နားလည်ပါတယ် ဆိုတဲ့ အပြုံးရေးရေးနဲ့ မီးခိုးရောင် မျက်စံကလေးရဲ့ အကြည့်တစ်ချက်။

""Enzo သမီး အဲ့မိန်းကလေးကို ..""

""ဟုတ်တယ်။ Daddy မဖြစ်နိုင်ဘူးဆိုပြီး ရပ်တန့်ကြည့်ဖူးတယ်။ ဒါပေမယ့် သူမှမဟုတ်ရင် တကယ်ကို မဖြစ်တာမလို့..။ စစမြင်ကထဲက သမီးက ..""

""သမီး အဲ့နေ့က အော်ကြီးဟစ်ကျယ်နဲ့ အိမ်ကိုပြန်လာ၊ အခန်းထဲ တစ်ပတ်လောက်တောင် အောင်းလိုက်ရတာ အဲ့မိန်းကလေးကြောင့်ပေါ့လေ။""

""ဟုတ်""

ဇက်ကလေး ပုဝင်သွားပြီး အပြုံးဖျော့ဖျော့နဲ့ ပြောတဲ့ သူမကို Daddy က ပြုံးရင်း ထပ်ကြည့်လာပြန်တယ်။

""Daddy က သမီးကို ဖိအားမပေးချင်ဘူး။ သမီးပျော်တယ်မလား။ Daddy ရဲ့ Enzo စိတ်ချမ်းသာဖို့ပဲ အရေးကြီးတယ်။ ဘာကိုမှ ခေါင်းထဲ မထည့်နဲ့။ သူမှမဟုတ်ရင် မရတော့တဲ့ အခြေအနေမလား။ Daddy သိတယ်။ အလုပ်ကို အလေးထားတဲ့ သမီးက အဲ့မိန်းကလေး အတွက်ကြောင့်နဲ့ Daddy စကားကိုတောင် နားမထောင်တော့ပဲ နယ်ဘက်ကို လိုက်သွားကထဲက Daddy ရိပ်မိတယ်။ ဟား..ဟား.. ပြီးတော့ ငါ့သမီးက Suger mommy လုပ်ချင်နေတာလား။ ကလေးရုပ်နဲ့ကို သမီးရယ်။ ဆိုင်ကယ်တွေတောင် ဝယ်ပေးနေတယ်။""

W O R N G (Complete)Where stories live. Discover now