30

2.9K 245 106
                                    

(Zawgyi)

မင်း ဖဲရိုက်တက်လား ဆိုတာကနေ စပြီး ဟယ်သာ ခေါင်းငြိမ့်အပြီး ရိပေါ်ဟာ ကောကိုဂျီကျလို့ ဟယ်သာ့ကို သူနဲ့အတူ ဖဲကစားဖို့အတွက် အိမ်မှာ နေခဲ့ဖို့ ပြောတော့တာပဲ။ အဲ့ဒါမျိုးဆို လက်မနှေးတဲ့ ဟယ်သာကလည်း ဘယ်ရမလဲ။ ခေါင်းကို ပုတ်သင်ညိုလိုငြိမ့်ပြီးတော့ကို နေခဲ့တာပဲ။

အခုဆိုရင်ဖြင့် ရိပေါ်နဲ့ ဟယ်သာက မျက်နှာချင်းဆိုင်အနေအထား။ ထိုင်နေတဲ့နေရာက ခြံထဲက ဒန်းနားက မြက်ခင်းပြင်ပေါ်မှာ။ မနက် ၈နာရီလောက်မို့ နေရောင်ခြည် သိပ်မကျရောက်သေး။ ဖဲရိုက်ဖို့ တအားကောင်းတဲ့အချိန်ပဲ။ ကောရုံးသွားတာကို အာဘွားတွေ တချီကြီး ပေးပြီးတာကို ဟယ်သာက လက်ပိုက်ရပ်ကြည့်အပြီး အခုလို ဖဲတန်းရိုက်ရတော့တာပဲ။ ဟယ်သာ ဗိုက်နာလို့ စားပါရစေဦး လို့ပြောတာကိုလည်း နိုးဆိုနိုးပဲ ငြင်းပြီး သူ့မုန့်ထုပ်တွေ ၅ထုပ်လောက် ထိုးပေးပြီး ဒါတွေစားပြီး မင်းငါနဲ့ဖဲရိုက် တဲ့။ နို့ဘူးတစ်ဘူးတောင် အစစ်ပါသေး။

သောက်ကလေးက အရမ်းလည်းရွိုက်ပြီး ချစ်ဖို့ကောင်းသလို ဟယ်သာ့ကိုလည်း တအားအနိုင်ကျင့်နေပါတယ်။ ဟယ်သာ တစ်စက်မှ ထင်မထားမိတာကို ပြောပြပါမယ်။

ပွဲအပြီး သူနိုင်ရင်ကျ တစောင်းပြုံးကြီးတွေနဲ့ ပြုံးပြုံးပြီး ကောကို မက်ဆေ့တွေ ရိုက်ရိုက်ပြီး သူနိုင်ကြောင်းကြွားသလို၊ ဟယ်သာနိုင်တဲ့ ပွဲကျရင်လည်း ဆူပုတ်ပုတ်မျက်နှာနဲ့ မျက်လုံးလေး ပေကလယ်၊ ပေကလယ်ဖြစ်ဖြစ်သွားပြီး ကောဆီကိုပဲ ကျန့်ကောသူငယ်ချင်းက ကျွန်တော့်ကို မောင်လေးတိတိ ခေါ်ခေါ်ပြီး အနိုင်ကျင့်နေတာ လို့ voice message တွေ ပို့ပို့ပြီး ဟယ်သာ မကြားကြားအောင် အော်အော်ပြောပါတယ်။ အဲ့ဒီ့အချိန်ကျ ဟယ်သာ့မျက်နှာလေးက တကယ်ပါ။ ဇီးရွက်လောက်သာ ကျန်ပါတော့တယ်။

ဒါတင်ပြီးပြီလို့ မထင်လိုက်ပါနဲ့။ ဟယ်သာ့ကို ကပ်ကပ်ပြီးအနိုင်ကျင့်တဲ့သူ တစ်ဦးရှိပါတယ်။ အဲ့ဒါကတော့ ရိပေါ်ရဲ့ ခွေးပိစိပဲ ဖြစ်တယ်။ ဘယ်လို အနိုင်ကျင့်သလဲ ဆိုရင် ဟယ်သာ့ကို ရိပေါ် ဖဲကစားဖို့ ဆွယ်တုန်းက ကျွေးထားတဲ့ အမဲသားပြားတွေကို အိတ်ထဲကနေ လက်မဲမဲသေးသေးလေးတွေနဲ့ ဆွဲဆွဲယူစားပါတယ်။ ဟယ်သာက ခွေးချစ်တက်တဲ့သူမို့ ဘာမှမဖြစ်ပဲ နေပါတယ်။ အဲ့တာကို အားမနာလျှာမကျိုး ဟယ်သာ့မုန့်တွေလည်း လာနှိုက်စားသေးတယ်။ ဟယ်သာကလည်း ချစ်လို့ ပြုံးပြရသေးတယ်။ ဒါပေမယ့် ဟယ်သာနဲ့ အကြည့်ချင်းဆုံတဲ့အခါကျ မျက်လုံးလေးပြူးပြီး အချေစတိုင်ဖမ်းလို့ ဟယ်သာ့ကို လူမထင်သလို အကြည့်နဲ့ကြည့်တယ်။ ဟယ်သာ အမဲသားပြားတွေ ကျွေးပြီးတာတောင်မှလေ။

W O R N G (Complete)Waar verhalen tot leven komen. Ontdek het nu