13

3.6K 394 10
                                    

(Zawgyi)

""ငါမင်းကိုစောက်ရမ်းချစ်တာ သိလား။""

""မသိဘူး။""

""R6 ကြီးကွာ!။ မေပယ်လ်.. ဟိုရောက်ရင် မင်းကြိုက်တာပြော အကုန်လိုက်လုပ်ပေးမယ်။ တကယ် ""

"" အေးပါ။ အေးပါ။""

ဆိုင်ကယ်ကို ပတ်ကြည့်ကာ ပျော်နေတဲ့ ကောင်လေးကိုကြည့်ပြီး သူမလည်းအရမ်းပျော်ပါတယ်။ တစ်ဆက်ထဲ Gary ကိုလည်း ကျေးဇူးတင်မိတယ်။ အင်တင်တင်နဲ့ အထာကိုင်ကာ မူနေတဲ့ Gary က အာပလာကြီးဖြစ်ပြီး သူမအိပ်သွားပြီထင်ပြီး​တော့ ချက်ချင်းကို ဆိုင်ကယ်ခိုးမှာပေးတာကို အိပ်မပျော်သေးတဲ့ သူမက သိပါတယ်။ မနက်ကျတော့ ရုပ်တည်ကြီးနဲ့ ပြောသေးတယ်။ "ဟိုရောက်ရင် ၁၀ဆပြန်ပေးပြီး ငါပြောတာသုံးခုလုပ်ပေးရမယ်။ မဟုတ်ရင် အဲ့ဆိုင်ကယ်တွေကို တောင်ပေါ်ကနေ ကန်ချခိုင်းလိုက်မှာ" တဲ့။ ရူးတူးတူးပေါတောတောမလို့ တစ်ခါတစ်ခါစိတ်ရှုပ်ရပေမယ့် ခင်ဖို့ကောင်းပြီးချစ်ဖို့လည်းကောင်းပါတယ်။ ပြောချင်တာတွေ ပြောပြီး ပေါက်ကရတွေ ထ လုပ်တက်တာကလွဲရင် သူမနဲ့ အနည်းငယ်တော့ ကီးကိုက်ပါတယ်။

""Gear တွေမပါဘူးဟ။""

""မင်းကဒီမှာ အဲ့တာတွေဝတ်ပြီး စီးမလို့လား။""

"" အေးနော်။ ဒါနဲ့..ဘယ်မှာစီးရမှာလဲ။ လမ်းကကျဉ်းတယ်။""

""ငါတို့လာခဲ့တဲ့လမ်းအတိုင်းစီးလို့ရတယ်ပြောတာပဲ။ အကွေ့တွေကိုတော့ သတိထားမောင်း""

""Ok Ok မရတော့ဘူး။ မရတော့ဘူး။ မေပယ်လ်.. တက်တော့""

ဆိုင်ကယ်ပေါ်ခွထိုင်ကာ နေရာတကျထိုင်ရင်း နောက်တစ်စီးကို မျက်စပစ်ပြတာကြောင့် တက်ရန်ပြင်ဆင်မှာပဲ နောက်ပါးက အစ်ကိုရှောင်းကျန့်အော်သံကိုကြားလိုက်ရပါတယ်။

""ဝမ်ရိပေါ်""

မျက်လုံးမှေးမှေးလေးဟာ လှန်ကြည့်ပြီး လူမိုက်ပုံစံနဲ့ ကောင်လေးက သူမမျက်လုံးထဲမှာတော့ ကလေးလေးပဲ။

""မင်း အဲ့တာဘာလုပ်တာလဲ။""

""Enzo က စီးလို့ရတယ်ပြောတယ်။""

အစ်ကိုရှောင်းကျန့်အကြည့်တွေဟာ ချက်ချင်းဆိုသလို အီတီတီနဲ့သူမရဲ့ ဆိုင်ကယ်နောက်ဘက်ကို ငမ်းနေတဲ့ Gary ဆီ ဒိုင်းခနဲရောက်တယ်။ Gary က သူ့ကိုယ်သူ လက်ညိုးထိုးရင်းက မျက်လုံးတွေပြူးကာ ...

W O R N G (Complete)Where stories live. Discover now