17

3.2K 402 11
                                    

(Zawgyi)

"" ရှောင်းကျန့်။ အောက်က နှစ်ကောင်က ဘာလဲ။ ""

အောက်ကို ဆင်းလာတဲ့ သူက အပေါက်ဝမှာ တောင့်တောင့်ကြီး ရပ်နေတဲ့ လူကောင်ထွားထွား နှစ်ကောင်ကို မြင်လိုက်ရတဲ့ အခါ အပေါ်ကို အမြန်ပြန်တက်ပြီး အပေါ်ကုတ်ကို ဝတ်နေတဲ့ ရှောင်းကျန့်နား သွားပြီး မေးမိတယ်။

""မင်းအတွက် body guard""

""blast!""

""......""

""ဘာလို့လဲ။ ဘာလို့ body guard က လိုအပ်ရမှာလဲ။!""

""လိုအပ်တာမလို့ လုပ်ပေးတာ။""

"" ရှောင်းကျန့်။ အားးး အဲ့နှစ်ကောင်ကို ခုချက်ချင်း ရိုက်ထုတ်။! ""

""မင်းဘယ်သွားသွား သူတို့က လိုက်မှာမလို့ ရိုက်ထုတ်လည်း မင်းအနားက ထွက်သွားမှာ မဟုတ်ဘူး။ ပြီးတော့ မေပယ်လ့်ဆီ သွားရင် သူတို့နဲ့ သွားလိုက်။ ကိုယ် company မှာ အရေးပေါ်ဖြစ်နေတာမလို့၊ ပြီးတော့ ဒီည နောက်ကျမယ်။""

ပြောပြီးတာနဲ့ သူ့ရှေ့က ထွက်သွားတဲ့ ရှောင်းကျန့်ကို ကြည့်ပြီး သူက မျက်လုံးလေး ပေကလယ်၊ ပေကလယ် ဖြစ်သွားရတယ်။ ဒါက ဘာလဲ။! body guard! body guard!!!!

..........*..........

သူ ၊ သူ့အရှေ့က ဗလတောင့်တောင့်၊ အရပ်ထောင်ထောင်မောင်းမောင်းနဲ့ တစ်ကိုယ်လုံးကို အမဲရောင်ဝတ်ထားတဲ့ လူနှစ်ယောက်ကို ခြေချိတ်ပြီး သေချာစိုက်ကြည့်နေတယ်။ အသားအရေက အလယ်အလတ် ရှိပြီး တစ်ယောက်က ဆံပင်ရှည်တွေကို ဖြစ်သလို စုပြုံချည်ထားပြီး၊ နောက်တစ်ယောက်က ဆံပင်တိုတို။ မျက်နှာသေတွေနဲ့၊ မျက်လုံးတွေဟာ နံရံဆီမှာသာ အကြည့်ရောက်နေတယ်။ ပြီးတော့ နှစ်ယောက်စလုံးက ရုပ်တွေ ဆင်နေတယ်။ ဘာလဲ။ ဘာလဲ။ အမွှာတွေ များလား။

""မင်းတို့နာမည်က""

""Keli နဲ့ Heli ပါ။""

စကားကို အပိုအလိုမရှိ၊ သူ့မျက်နှာကို တစ်ချက်မကြည့်ဘဲ ပြောသွားတဲ့ ဆံတိုကောင်ပုံစံက သူ့စိတ်ကို ခဲလုံးနဲ့ ကောက်ပေါက်လိုက်သလို ခံစားရစေတယ်။ ဒါဆို ဆံတိုကောင်က Keli ပေါ့။ ဆံပင်တွေကြားထဲ လက်ထိုးထည့်ကာ ဖွလိုက်ပြီး အရှေ့က နှစ်ယောက်ကို မျက်လုံးလှန်ပြီး ထပ်ကြည့်မိတယ်။

W O R N G (Complete)Where stories live. Discover now