အပိုင်း(၄၅)

5.6K 263 7
                                    

ဇွန်လ(၂) ရက်နေ့...။

‌စံပပယ်ပန်းရနံ့က အိမ်ကြီးထိ သင်းသင်းပျံ့ပျံ့ထုံမွှန်းနေခဲ့၏။ သော်လေးက အိပ်ခန်းထဲကနေ အောက်ထပ်သို့ဆင်းလာလိုက်သည်။ မနေ့ကတစ်နေ့လုံးအောက်ထပ်မဆင်းဖြစ်။ ယနေ့မနက်လဲ မနက်စာဆင်းမစားဖြစ်ပေ။

အိမ်ရဲ့စည်းကမ်းကိုဖောက်ဖျက်ရဲ့ဆိုပြီး ဖေဖေကစိတ်ဆိုးနေရှာရော့မယ်။ ဆိုးပါလေ့စေကွယ်။ နောင်နှစ်ရက်ကြာတဲ့အခါ ဖေဖေစိတ်ဆိုးပြေရှာလိမ့်မှာပေါ့။ လူတွေဟာ ဒီလိုဘဲသေတဲ့လူကိုမှ မေတ္တာထားတယ်။ အင်း ...အလောင်းကောင်ကိုမှ ရင်မှာပိုက်ချင်ကြတယ်။

ဒီလိုကျတော့လဲ သေရမှာပျော်ဖို့ကောင်းလာသလိုပင်။ ပျော်ဖို့ကောင်းပါတယ်။ ဒါပေမယ့်မနာကျင်ချင်ဘူးကွယ် ... မနာကျင်လောက်မယ့်သေခြင်းတရားကို လိုချင်မိ၏။ ပြီးတော့ ကိုကို့ကိုအထိနာဆုံးဖြစ်မယ့်ဟာမျိုးပေါ့ ... အော် အထိမနာစေချင်ပါဘူး။ နောင်တရစေချင်ရုံပါလေ။

"သခင်လေး ဒီနေ့ဘာစားချင်လဲရှင့်"

ယုယက ထမင်းသေချာမစားသော သော်လေးကို ဂရုတစိုက်မေးမိ၏။ ကြည်ပြာပေးသောမေတ္တာမျိုး သူလဲတတ်စွမ်းသလောက်ဖြည့်တင်း‌ပေးချင်သည်။ အိမ်အကူတိုင်းက ‌သော်လေးကို ပိုတိုး၍ မေတ္တာထားကြ၏။

"ကိုကို့ကိုသာမေးပါ အမ"

ယုယက ငိုင်သွား၏။ ဟုတ်ပေသား အိမ်အကူတွေက ကိုကို့ကိုစကားမပြောရဲ၊ ကိုကို အထီးကျန်နေရှာရော့မှာ။ ကိုကိုဟာ တအိမ်လုံးတွင် သော်လေးတစ်ယောက်ကိုသာ အဖက်လုပ်စကားပြောတတ်၏။

"မေးနော် ... နောက်ဆို ကိုကိုဘာစားချင်လဲ အမကမေးပေးပါ။ သော်လေးကိုဂရုစိုက်သလို ကိုကို့ကိုလဲဂရုစိုက်ပါ အမရယ်"

"ဘာတွေဂရုစိုက်ခိုင်းနေတာလဲ သော်လေး"

မာန်၀င့်ထည်က လှေကားကဆင်းလာရင်း သော်လေးဘေးနားကိုလာရပ်၏။ လက်တွေက ဖက်တော့မည့်ဟန်ပြင်ပြီးမှ ယုယကိုကြည့်ရင်း ပြန်ချသွားသည်။

"အော် ... ဘာမှမဟုတ်ပါဘူး။ ဒီမှာလေ အမယုယက ကိုကိုဘာစားချင်မလဲမေးနေလို့"

အမုန်းတရားတို့၏မာယာ (Completed)Where stories live. Discover now